A d v e r t i s e m e n t With Us

ထိုင်းအမျိုးသမီးများနှင့်ပျော်ပါးသည့် ကစားသမား ၃ ဦးကို လက်စတာအသင်းထုတ်ပယ်

ဓာတ်ပုံ - ဘီဘီစီ
ရာသီကြိုအဖြစ် ထိုင်းမှာ လာရောက်ကစားတဲ့  လက်စတာအသင်းက ကစားမား ၃ ဦးနဲ့ မိန်းကလေးတွေ ဟိုတယ်အခန်းထဲမှာ ပျော်ပါးနေတဲ့ ဗွီဒီယိုဖိုင် အွန်လိုင်းမှာ ထွက်ပေါ်လာပြီးတဲ့နောက် ပတ်သက်တဲ့သူတွေကို အသင်းက ထုတ်လိုက်ပြီလို့ ကြေညာပါတယ်။ ထုတ်ပယ်ခံရသူတွေကတော့ လက်စတာအသင်းနည်းပြရဲ့ သားဖြစ်သူ ဂျိမ်းစ်ပီယာဆင်၊ အဒမ်စမစ်နှင့် ဟော့ပါးတို့ ၃ ဦး ဖြစ်ပါတယ်။ ဟိုတယ်အခန်းထဲမှာ ထိုင်းအမျိုးသမီးတွေနဲ့ ပျော်ပါးနေတာတွေ၊ လူမျိုးရေးခွဲခြားတဲ့ ပြောဆိုမှုတွေပါတဲ့ အဲ့ဒီဗွီဒီယိုဖိုင် ထွက်ခဲ့ပြီးနောက် အဲ့ဒီကစားသမား ၃ ဦးကို အင်္ဂလန်ကို ပြန်လွှတ်လိုက်ပါတယ်။ ကစားသမားတွေကလည်း အဲ့ဒီကိစ္စကို တောင်းပန်ခဲ့ပါတယ်။ လက်စတာအသင်းနည်းပြဟာ လူမျိုးရေးခွဲခြားတဲ့ ကစားသမားတွေကို တိုက်ရိုက်အနီကတ်ပြရေး လှုပ်ရှားမှုဖြစ်တဲ့  Show Racism the Red Card ကို စတင်ခဲ့သူ ဖြစ်ပြီး သားဖြစ်သူရဲ့ အခုလုပ်ရပ်က သူ့ကို အရှက်ရစေခဲ့ပါတယ်။ အဲ့ဒီကိစ္စကို လက်စတာအသင်းက  စစ်ဆေးမှုတွေလုပ်ခဲ့ပြီး ဇွန် ၁၈ ရက်နေ့ကတော့ ကစားသမား ၃ ဦးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းလိုက်တာပါ။

A d v e r t i s e m e n t With Us

More News
Up