လာမည့်ရာသီ အထုတ်ခံရမည့်နည်းပြအဖြစ် လီဗာပူးနည်းပြကို လောင်းကြေးဖွင့်

ဓာတ်ပုံ - ရိုက်တာ
886
လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး အထုတ်ခံရမယ့်နည်းပြဟာ လီဗာပူးနည်းပြ ရော်ဂျာ ဖြစ်လာမယ်လို့ လောင်းကြေးဒိုင်တွေက လောင်းကြေးဖွင့်ထားပါတယ်။
ပရီမီးယားလိဂ် ပွဲစဉ်တွေ ထွက်လာပြီး လီဗာပူးဟာ ပထမဆုံး အဝေးကွင်း ၆ ပွဲမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ယူ၊ မန်စီးတီး၊ အဲဗာတန်၊ စပါးတို့နဲ့ တွေ့ရမှာ ဖြစ်တာကြောင့် အခုလို လောင်းကြေးဖွင့်လာကြတာပါ။
ရာသီအသိမ်းမှာ စတုတ်ကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးထားခဲ့တဲ့ လီဗာပူးအသင်းအတွက် ရာသီအစ နိုဝင်ဘာလမကုန်မီ အချိန်တွေမှာ ထိပ်တန်းအသင်းတွေနဲ့ အဝေးကွင်းပွဲတွေ ကစားရမှာကြောင့် အသင်းဟာ ပွဲကြပ်တွေ တွေ့နေရတာပါ။
ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးဟာ ပထမဆုံး အဝေးကွင်းပွဲ ၆ ပွဲမှာ ၅ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။