Home
မြန်မာသတင်း
မားစ်ရောဂါ ပညာပေးဟောပြောပွဲ ရန်ကုန်တွင် ပြုလုပ်မည်
DVB
·
June 19, 2015
ကူးစက်နှုန်း မြန်ဆန်ပြီး ကာကွယ်ကုသစရာ ဆေးမရှိသေးတဲ့ မားစ်ရောဂါနဲ့ ပတ်သက်ပြီး သိကောင်းစရာ ကျန်းမာရေးပညာပေး ဟောပြောပွဲကို မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) က ဦးဆောင်ပြီး ဇွန် ၂၁ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းက မြန်မာနိုင်ငံ ဆရာဝန်အသင်းခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး စိတ်ဝင်စားသူတိုင်း တက်ရောက်နိုင်ပါတယ်။ ပါမောက္ခ ဒေါက်တာ ဇော်လင်းအောင်၊ ပါမောက္ခ ဒေါက်တာ ကြည်ကြည်သင်းနဲ့ ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်းတို့ ဟောပြောမှာဖြစ်ပြီး သိလိုတာတွေကိုလည်း မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ကူးစက်မြန် မားစ်ရောဂါဟာ လက်ရှိမှာ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ ဖြစ်ပွားနှုန်းများနေပြီး လူပေါင်း ၁၆၀ ကျော် ကူးစက်ရာမှာ ၁၉ ယောက်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာလည်း ဇွန်လ ၁၈ ရက်က မားစ်ရောဂါ ကူးစက်ခံရတဲ့ လူနာတယောက်ကို ပထမဆုံး စတင်တွေ့ရှိထားပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတခုကနေ ဘန်ကောက်မှာ ဆေးလာကုသတဲ့ အသက် ၇၅ နှစ် အရွယ် လူနာတယောက်လို့ သိရပါတယ်။ အခု သူ့ကို အထူးကြပ်မတ်ဆောင်မှာ ကျန်းမာရေး စောင့်ရှောက်ထားသလို သူနဲ့အတူပါလာတဲ့ မိသားစုဝင် ၃ ယောက်ကိုလည်း သီးသန့်စီ ခွဲထားပြီး အနီးကပ် စောင့်ကြည့်နေကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024