A d v e r t i s e m e n t With Us

သြစတြီးယား ပြည့်တန်ဆာရုံပိုင်ရှင် အခွန်မဆောင်နိုင်သဖြင့် အခမဲ့လိင်ပျော်ပါးခွင့်ပြု

ဓာတ်ပုံ - ရိုက်တာ
သြစတြီးယားနိုင်ငံ၊ ဂျာမနီနယ်စပ် Salzburg မြို့က ပြည့်တန်ဆာရုံပိုင်ရှင်တဦးက အစိုးရဆီ အခွန်ဆောင်ရတာ မတတ်နိုင်တော့လို့ ပြည့်တန်ဆာတွေနဲ့ လိင်ပျော်ပါးလိုသူတွေကို အခမဲ့ ပျော်ပါးခွင့် ပြုလိုက်ပါတယ်။ အခုလိုလုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အစိုးရ အခွန်အာဏာပိုင်တွေကို ဆန္ဒပြတာပါလို့ Pascha လို့ အမည်ပေးထားတဲ့ ပြည့်တန်ဆာရုံပိုင်ရှင်က ပြောဆိုပါတယ်။ “၀င်ငွေတပြားမှမရှိတော့တဲ့ ကျနော့်ရဲ့လုပ်ငန်းကို ဘာနဲ့အခွန်ကောက်မလဲ။ ကျနော့်ကို ဘာနဲ့ အခွန်ကောက်မလဲ။ အဲ့ဒါ ကျနော်သိချင်လို့ပါ။” “အခုချိန်ကစပြီး အခွန်လည်း မဆောင်တော့ပါဘူး။ လူတိုင်းလည်း အလကားဝင်လို့ရပါပြီ။ အလကားသောက်လို့ ရပါပြီ။ ပြည့်တန်ဆာတွေနဲ့ အလကားလည်း ပျော်ပါးနိုင်ပါပြီ။” ဆိုပြီး သူ့ရဲ့ ပြည့်တန်ဆာရုံ ၀က်ဘ်ဆိုက်မှာ ကြော်ငြာထားပါတယ်။ ဒီအချိန်အခါမျိုးကို စောင့်နေတဲ့ လိင်ပျော်ပါးသူ အမျိုးသားတွေလည်း ပြည့်တန်ဆာရုံရှေ့မှာ တန်းစီနေတဲ့ပုံတွေကို မြို့ခံသတင်းစာတစောင်က ပြီးခဲ့တဲ့တပတ်က ဖော်ပြခဲ့ပါတယ်။ ပိုင်ရှင်ဖြစ်သူ မူလာ (Mueller) က ပြီးခဲ့တဲ့ ၁၀ နှစ်တာအတွင်း ယူရိုငွေ ၅ သန်း အခွန်ဆောင်ခဲ့ရပြီးပြီ၊ သူ့ဆိုင်က ပြည့်တန်ဆာတွေအတွက် ပေးရမယ့် လုပ်ခလစာ ယူရိုငွေ ၁ သောင်းလောက်ကို သူ့အိတ်ထဲကပဲ စိုက်ပေးမယ်ဆိုပြီးတော့လည်း သတင်းစာမှာ ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရအခွန်ရုံးကတော့ တုံ့ပြန်ပြောဆိုတာ မရှိပါဘူး။

A d v e r t i s e m e n t With Us

More News
Up