A d v e r t i s e m e n t With Us

မြ၀တီ- ကော့ကရိတ် အာရှလမ်းမကြီးတွင် ကားတိမ်းမှောက်၊ ၁၀ ဦးခန့် ဒဏ်ရာရ

ဓာတ်ပုံ - Sai Khant Khant
မြ၀တီ- ကော့ကရိတ် အာရှလမ်းမကြီးမှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က ခရီးသည်တင်ကားတစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့အတွက်   ၁၀ ဦးလောက် ဒဏ်ရာရပါတယ်။ မြ၀တီကနေ ဖြူးကို ပြေးဆွဲနေတဲ့ အဆိုပါခရီးသည်တင်ကားဟာ လူ ၂၀ လောက် တင်ဆောင်ခဲ့ပြီး လမ်းကွေ့တခုမှာ ဘရိတ်ပေါက်တဲ့အတွက် တိမ်းမှာက်မှုဖြစ်ပွားခဲ့တာလို့ မျက်မြင်တဦးက ဒီဗွီဘီကို ပြောပါတယ်။ [caption id="attachment_98466" align="alignleft" width="422"]Sai K K2 ဓာတ်ပုံ - Sai Khant Khant[/caption] “ဒီ​နေ့တက်​လာတာ ကား​မှောက်​​နေတာ​တော့​ တွေ့တယ်​၊ ဒဏ်​ရာလူနာ​တွေ သယ် ​သွားပြီဆိုလို့ ကျ​နော်​တို့ဆက်​ထွက်​လာတာ။” ဒဏ်ရာရလူနာ တချို့ကိုတော့ ကောကရိတ်ဆေးရုံကို ပို့ဆောင်ကုသပြီး တချို့ကိုတော့ မြ၀တီဆေးရုံကို ပို့ဆောင်ကုသခဲ့ပါတယ်။ ကောကရိတ်ဆေးရုံကို မေးမြန်းရာမှာတော့ ကားမှောက်မှုကြောင့် အတွင်းလူနာအနေနဲ့ ၃ ယောက် ရောက်လာပြီး အပြင်လူနာအနေနဲ့ ၃ ယောက် ရောက်ကြောင်း တာဝန်ကျသူနာပြုဆ ရာမ တဦးက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့ ကျမတို့ဆီကို ၁၁ နာရီ မိနစ်၂၀ လောက်ရာက်တယ်လေ။ သူတို့ကတော့ ဖြစ်ဖြစ်ချင်း လာတယ်တဲ့။ ဆိုတော့ ၁၀ နာရီခွဲကျော်ကျော်မှာ ဖြစ်တယ်။ အတွင်းလူနာ ၃ ယောက်နဲ့ အပြင်လူနာ ၃ ယောက်လာပါတယ်။” အတွင်းလူနာအနေနဲ့ကတော့ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် တက်ရောက် ကုသနေတယ်လို့လည်း အဲဒီဆရာမက ပြောပါတယ်။ လက်ရှိကားတိမ်းမှောက်မှုဖြစ်နေတဲ့ အာရှလမ်းမကြီး မြ၀တီ-ကော့ကရိတ် လမ်းပိုင်းဟာ အသုံးပြုသွားလာဖို့ တရားဝင် ပွင့်လင့်ခြင်း မှုမရှိသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up