ကိုပါဖလားဘောလုံးပြိုင်ပွဲ ကိုလံဘီယာက နာမည်ကြီး ဘရာဇီးကို အနိုင်ရ

ဓာတ်ပုံ - ca2015
ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (စီ) ပွဲစဉ်မှာ ကိုလံဘီယာက နာမည်ကြီး ဘရာဇီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ကိုလံဘီယာအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်း ၃၆ မိနစ်မှာ မူရယ်လိုက သွင်းယူပါတယ်။ ဒီပွဲမှာ ဘရာဇီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်တွေမှာတော့ ကိုလံဘီယာက ပိုရခဲ့တာပါ။ ပထမပိုင်း ပြီးကာနီးမှာ ဘရာဇီး တိုက်စစ်မှူး နေမာ အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ ချေပဂိုးနဲ့ လွဲသွားရပါတယ်။ ဒီပွဲမှာ လီဗာပူး ကွင်းလယ်သမား ကော်တင်ဟို ဒုတိယပိုင်းမှာ ပါဝင် ကစားသွားပါတယ်။ ကိုလံဘီယာကပဲ အနိုင်ရလဒ်ကို ထိန်းကစားသွားနိုင်လို့ တဂိုးတည်းနဲ့ အနိုင်ရသွားပါတယ်။ ဘရာဇီးအတွက်တော့ ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကိုလံဘီယာကို ရှုံးပွဲတွေ့သွားတာပါ။ အဲဒီပွဲစဉ်မှာ ဘရာဇီး တိုက်စစ်မှူး နေမာနဲ့ ကိုလံဘီယာ တိုက်စစ်မှူး ဘာကာတို့ အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ လောလောဆယ် အုပ်စု (စီ) မှာ တပွဲလျော့ ဗင်နီဇွဲလားက ၃ မှတ်နဲ့ ဦးဆေင်နေပြီး ၂ ပွဲ ကစားထားတဲ့ ဘရာဇီးနဲ့ ကိုလံဘီယာက ၃ မှတ်စီ ရထားပါတယ်။ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဘရာဇီးက ဗင်နီဇွဲလားကို အနိုင်ကစားနိုင်မှ အုပ်စုကနေ တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up