A d v e r t i s e m e n t With Us

ပီရူးတွင် ယခုနှစ် တုပ်ကွေးကူးစက်ခံရသူ ၂ သောင်းခွဲခန့်ရှိ

ပီရူးနိုင်ငံမှာ ၂၀၁၅ ကနေ ခုထိ တုပ်ကွေးကူးစက်မှုဟာ ၂၀၁၄ တနှစ်လုံး ကူးစက်ခံရသူ အရေအတွက်ထက် ကျော်လွန်ခဲ့လို့ ဆေးဝါးစောင့်ရှောက်မှုတွေ တိုးလုပ်နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။ လူနာ အယောက် ၂ သောင်း ၄ ထောင်လောက် တုပ်ကွေးကူးစက်မှုအတွက် ၂၀၁၅ မှာ စာရင်းသွင်းခဲ့ပြီးပါပြီ။ ၂၀၁၄ တနှစ်လုံးမှာ တုပ်ကွေး ကူးစက်ခံ ၁ သောင်းခွဲကျော်ပဲ ရှိခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ တုပ်ကွေးကြောင့် သေဆုံးသူ ၂၆ ယောက် အတည်ပြုထားပြီး ၂၀၁၄ တနှစ်လုံးမှာ ၂၃ ယောက်သာ သေဆုံးခဲ့တာပါ။ ဒေသအတော်များများမှာ ကျန်းမာရေး အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားရပြီး တချို့နေရာတွေမှာ အနီရောင်အဆင့် တပ်လှန့်ထားရသလို အရေးပေါ် ကျန်းမာရေးဌာနတွေကိုလည်း ဖွင့်ပေးထားရပါတယ်။ လူထုကျန်းမာရေးကော်မတီ အမျိုးသားကောင်စီဥက္ကဋ္ဌကတော့ ကူးစက်ကပ်ဘေးဟာ တားဆီးနိုင်တဲ့ အမျိုးအစားဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ကပ်ဘေးပိုမဆိုးအောင် လိုအပ်တဲ့ ရန်ပုံငွေတွေ တိုးထုတ်ပေးဖို့ လုံလောက်တဲ့ သက်သေတွေ လက္ခဏာတွေ ရှိနေတယ်လို့ ပြောပါတယ်။ လူတွေရဲ့ အမူအကျင့်ကြောင့် တုပ်ကွေးကူးစက်မှု မြင့်တာဖြစ်ပြီး နိုင်ငံမြောက်ပိုင်းက ရေပြတ်လပ်မှုကြောင့် ရေသိုလှောင်ရာက ခြင်ပေါက်ဖွားစရာနေရာ ဖြစ်လာခဲ့တယ်လို့လည်း ပြစ်တင် ပြောဆိုမှုတွေ ရှိနေပါတယ်။ အယ်လ်နီနို ရာသီဥတုကြောင့် ပီရူးမြောက်ပိုင်းတလွှား ပူနွေးစိုစွတ်တဲ့ ရာသီဥတု လွှမ်းမိုးနေလို့ တုပ်ကွေးကူးစက်မှု အရေအတွက် မြင့်မားနေပါတယ်။ ရေလွှမ်းမိုးမှုတွေကြောင့် တုပ်ကွေးဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ခြင်တွေ ပေါများလာပြီး မိုးအဆက်မပြတ် ရွာနေလို့ ခြင်နှိမ်နင်းရေး မှိုင်းတိုက်မှုတွေကို ကြန့်ကြာစေခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကလည်း ဒီဖြစ်စဉ်ကို အားပေးပြီး ကူးစက်မှု တိုးလာတဲ့အပေါ် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up