A d v e r t i s e m e n t With Us

အာဂျင်တီးနား ဘောလုံးပြိုင်ပွဲတခုတွင် ဒိုင်လူကြီး ထိုးကြိတ်ခံရပြီး ဆေးရုံရောက်

ဓာတ်ပုံ - Futbol Mundial
အခုတပတ်မှာ ကစားခဲ့တဲ့ အာဂျင်တီးနား ဒုတိယတန်း ဘောလုံးပြိုင်ပွဲတခုမှာ ဒိုင်လူကြီးက အ၀ါကတ်ပြတာကို မကျေနပ်တဲ့ ကစားသမားတဦးက ထိုးကြိတ်ခဲ့လို့ ဒိုင်လူကြီးကို ဆေးရုံတင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ Ferro နှင့် Tiro Federal အသင်းတို့ ကစားတဲ့ပွဲမှာ ဒိုင်လူကြီး ဘဲရွန်က အ၀ါကတ်ပြတဲ့ အပေါ်မှာ အပြခံရတဲ့ ကစားသမားက ၀င်ရောက် ထိုးကြိတ်ခဲ့တာ ဖြစ်ပါတယ်။ ဒိုင်လူကြီးဟာ နေရာမှာတင် လဲကျသွားပြီး အဲဒီ့ပွဲကို ဖျက်သိမ်းခဲ့ရသလို   လူနာတင်ယာဉ်ခေါ်ပြီး ဒိုင်လူကြီးကို ဆေးရုံပို့ဆောင်ကာ  ဒဏ်ရာတွေ ချုပ်ပေးခဲ့ရပါတယ်။ ဒိုင်လူကြီးကို ထိုးခဲ့တဲ့ ကစားသမားဟာ အလက်ဂျန်ဒရို ရွန်ကဂ်လီယာဆိုသူ ဖြစ်ပြီး သူရဲ့အစ်ကိုဟာ ဖီအိုရင်တီးနားကနေ ဂျဲနိုအာကို အငှားချထားတဲ့ အာဂျင်တီးနားနောက်ခံလူ ဖာကန်ဒို ရွန်ကဂ်လီယာ ဖြစ်ပါတယ်။ အ၀ါကတ်အတွက် သူ့ညီရဲ့ တုံ့ပြန်မှုကြောင့် တုန်လှုပ်ခဲ့ရတယ်လို့ အစ်ကိုဖြစ်သူ အာဂျင်တီးနားလက်ရွေးစင် ဖာကန်ဒိုက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up