တောင်ကိုရီးယားတွင် မားစ်ရောဂါကြောင့် ပိတ်ထားသည့်ကျောင်းများ ပြန်ဖွင့်

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါ ကူးစက်မှုကြောင့် ပိတ်ထားတဲ့ကျောင်းတွေ ပြန်ဖွင့်နေပါပြီ။ အသက်အန္တရာယ်ရှိတဲ့ ရောဂါကူးစက်မှု အခြေအနေကြောင့် ကျန်ခဲ့တဲ့ တလလုံးမှာ ကျောင်းပေါင်း ၄၀၀၀ နီးပါးကို ပိတ်ခဲ့ရပါတယ်။ အခုတော့ တော်တော်များများ ပြန်ဖွင့်နေပြီး ပိတ်ထားတဲ့ ကျောင်းအရေအတွက် ၃၀၀ ၀န်းကျင်ပဲ ကျန်ပါတယ်။ ယောင်ဒန်းပို မူလတန်းကျောင်းက ဆရာ၊ ဆရာမတွေဟာ မနက်စောစော ကျောင်းကို အရောက်သွားပြီး လာသမျှ ကျောင်းသားတိုင်းကို ကိုယ်အပူချိန်တိုင်း၊ အဖျား ရှိ၊ မရှိ စစ်ဆေးပေးတာ၊ လက်တွေမှာ ရောဂါပိုးမွှား ကင်းစင်အောင် ဆေးဖျန်းတာတွေကို လုပ်ပေးပါတယ်။ ကျောင်းတွေပြန်ဖွင့်လို့ နည်းနည်းစိုးရိမ်ပေမယ့် ကျောင်းတွေဟာ တသီးတခြားဖြစ်လို့ တခြားနေရာတွေထက် စာရင်တော့ အများကြီး လုံခြုံပါတယ်လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။ ဒါပေမယ့် ကျောင်းကလည်း အတန်းချိန်ပြင်ပ လှုပ်ရှားမှုတွေနဲ့ ရေကူးသင်တန်းတွေကိုတော့ ဆိုင်းငံ့ထားပါတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းချိန်ပြီးတာနဲ့ အိမ်ကို တန်းပြန်ကြဖို့လည်း ညွှန်ကြားထားပါတယ်။ ကျောင်းအုပ်ကြီး ပါ့ဆောင်စိုးကလည်း ကျောင်းသားတွေကို အထူးဂရုစိုက်နေတယ်လို့ ပြောပြပါတယ်။ ကျောင်းသားတွေကို ကိုယ်အပူချိန် နေ့တိုင်း တိုင်းတယ်၊ အဖျားလက္ခဏာတွေ့ရင် မိဘတွေကို ချက်ချင်း အကြောင်းကြားတယ်၊ ကျောင်းသားကို ချက်ချင်း အိမ်ပြန်ပို့တယ်။ တခြား လိုအပ်တဲ့ ကာကွယ်ရေး အစီအမံတွေကိုလည်း ဆောင်ရွက်ပါတယ်လို့ ပြောပါတယ်။ ကျေင်းသားတွေကို ပိုးမွှားကင်းအောင် ဆေးနဲ့ လက်ဆေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ မားစ်ရောဂါဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး ကာကွယ်ဆေးရော၊ ကုသဆေးရော မပေါ်သေးပါဘူး။ ၂၀၁၂ ခုနှစ်က ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ စတင်တွေ့ရှိခဲ့ရတဲ့ မားစ်ရောဂါဟာ  အခုအချိန်အထိ တကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၁ ထောင်ကျေ်၊ သေဆုံးသူ ၄၅၄ ယောက်ရှိသွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ တောင်ကိုရီးယားမှာ လွန်ခဲ့တဲ့ တလနီးပါးလောက်က စတင်တွေ့ရှိခဲ့ပြီး အခုအချိန်မှာ ကူးစက်သူ ၁၆၂ ယောက်၊ သေဆုံးသူ အယောက် ၂၀ ရှိပြီလို့ အစိုးရ ကျန်းမာရေး ၀န်ကြီးဌာနက ဇွန် ၁၇ ရက်နေ့မှာ အတည်ပြုပါတယ်။ လူပေါင်း ၆၅၀၀  ကျော်ကိုလည်း ရောဂါသံသယနဲ့ သီးသန့်ခွဲ စောင့်ကြည့်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up