Home
မြန်မာသတင်း
ဘိုလီးဗီးယားတွင် လိုင်စင်မဲ့ကားပြဿနာ ဖြေရှင်းရန် ကားလေကာမှန်တွင် ချစ်ပ်ပြားတပ်
DVB
·
June 18, 2015
ဘိုလီးဗီးယားနိုင်ငံရဲ့ နယ်စပ်ဒေသ ၄ ခုကိုဖြတ်ပြီး လိုင်စင်မဲ့ကားတွေ မှောင်ခိုတင်သွင်းနေတဲ့ ပြဿနာဟာ ကိုင်တွယ်ရ သိပ်ခက်နေပြီလို့ ထင်စရာပါ။ ဒါပေမယ့် ကားတွေရဲ့ လေကာမှန်မှာ မဖြစ်မနေ တပ်ရတဲ့ ချစ်ပ်ပြားတွေရဲ့ကျေးဇူးကြောင့် ဒီအခြေအနေကို ပြောင်းလဲ ပစ်နိုင်တော့မှာပါ။ "ဒီစနစ်က R-FID နည်းပညာသုံး ပစ္စည်းကတဆင့် အလုပ်လုပ်ပါတယ်။ ပြောရရင်တော့ ရေဒီယိုကြိမ်နှုန်းကို သုံးပြီး အလိုအလျောက် ဖော်ထုတ်ပေးတဲ့စနစ်ပါ။ ဒါကြောင့် ဒီချစ်ပ်ပြားလေးတွေကို ကားအားလုံးရဲ့ လေကာမှန်ထဲမှာ သညာမှတ်နဲ့တွဲပြီး တပ်ဆင်လိုက်တာပါ။ ဒီချစ်ပ်ပြားတွေထဲမှာ ဓာတ်ဆီဆိုင်ထဲကို ကားဝင်လာတာနဲ့ ထောက်လှမ်းပေးနိုင်တဲ့ ပြိုင်ဘက်ကင်း သရုပ်ခွဲစနစ် ပါပါတယ်။" ကားတစီး ဓာတ်ဆီဆိုင်မျက်နှာစာထဲ ၀င်လာတာနဲ့ ကားပေါ်က ချစ်ပ်ပြားလေးကို စကန်ဖတ်ပါတယ်။ ပွားထားတဲ့ လိုင်စင်ပလိပ်ပြားလား မှောင်ခို ဒါမှမဟုတ် လိုင်စင်မဲ့ ကားလားဆိုတာ ချက်ချင်း ဖော်ထုတ်နိုင်ပါတယ်။ "ဒီချစ်ပ်ပြားလေးနဲ့ဆိုရင် ကျနော်တို့က လိုအပ်တဲ့ အထောက်အထားတွေ မပါတဲ့ ဒါမှမဟုတ် လိုင်စင်ပလိပ်ပြားမှာ တခုခုလွဲနေတဲ့ ကားတွေကို ဖော်ထုတ်တယ်။ ပြီးရင် သက်ဆိုင်ရာဌာနကို အကြောင်းကြားပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပါတယ်။" ပိုင်ရှင်အနေနဲ့ တရားဝင်ဖြစ်ကြောင်း သက်သေမပြနိုင်မချင်း ရဲဌာနက ဒီယာဉ်တွေကို ထိန်းသိမ်းထားမှာပါ။ ခုထိတော့ လိုင်စင်ပလိပ်ပြား ပွားထားတဲ့ ကားအစီးရေ ၁၂၀၀၀ လောက်ကို ထောက်လှမ်းနိုင်ခဲ့ပါပြီ။ ခုဆိုရင် ဒီစနစ်ကို တနိုင်ငံလုံး ဖြန့်ချိသွားတော့မှာပါ။ နောက် အစီအစဉ်တရပ်အဖြစ် ရွေ့လျားဓာတ်ခွဲခန်းတွေ သုံးပြီး လမ်းဘေးဆီဆိုင်တွေက ရောင်းချတဲ့ အရည်အသွေးနိမ့်ဆီတွေကို တားမြစ်ဖို့ ယာဉ်တွေကို ရပ်တန့် စစ်ဆေးတာမျိုးတွေ လုပ်သွားဦးမှာပါ။ ဘိုလီးဗီးယား အာဏာပိုင်တွေကတော့ လမ်းတွေပေါ်က ဒီပြဿနာ ၂ ခုကို ဖြိုခွင်းနိုင်တော့မယ်လို့ ယုံကြည်ထားပါတယ်။ [gallery ids="98335,98336,98337,98338,98339,98340,98341,98342"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024