A d v e r t i s e m e n t With Us

တောင်ကိုရီးယားတွင် မားစ်ရောဂါကူးစက်သူ ၈ ဦးထပ်တိုး၊ သေဆုံးသူ ၂၀ ရှိပြီ

ဓာတ်ပုံ ​- ရိုက်တာ
တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါ ကူးစက်သူ နောက်ထပ် ၈ ဦးတိုးလာပြီး သေဆုံးသူ အယောက် ၂၀ ရှိသွားပြီလို့ အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၇ ရက်နေ့မှာ အတည်ပြုပါတယ်။ နောက်ဆုံး ရောဂါကူးစက်ခံရသူတွေဟာ အသက် ၃၁ နှစ်ကနေ ၇၁ နှစ်အရွယ်တွေ ဖြစ်ပြီး အခုအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၁၆၂ ယောက် ရှိသွားပြီလို့ ကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။ တောင်ကိုရီးယားမှာ မားစ်ရောဂါ ကူးစက်မှုဟာ လွန်ခဲ့တဲ့ ၁ လက အရှေ့အလယ်ပိုင်းကို သွားပြီး တောင်ကိုရီးယားပြန်သွားတဲ့ အသက် ၆၈ နှစ်အရွယ် တောင်ကိုရီးယား စီးပွားရေးသမားတယောက်က တဆင့် စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ကူးစက်ခံရသူ ၈ ယောက်ထဲက ၄ ယောက်ဟာ ဆိုးလ်မြို့က နာမည်ကျော် ဆမ်ဆောင်းဆေးရုံက ဖြစ်ပါတယ်။ အဲဒီဆေးရုံ တခုတည်းမှာ မားစ်ရောဂါ ကူးစက်သူ လူနာ ၈၀ ရှိပါတယ်။ တခြားဆေးရုံ ၂ ရုံက ၀န်ထမ်းတွေလည်း ကူးစက်ခဲ့ပြီး ဝေဇွန်ဆိုတဲ့မြို့မှာလည်း မားစ်ရောဂါ လူနာတယောက်ကို တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ဆိုပါတယ်။ လူနာတွေနဲ့ တိုက်ရိုက်၊ သွယ်ဝိုက် ဆက်ဆံဖူးတဲ့ လူ ၅ ထောင်ကျေ်ကို သီးသန့်ခွဲပြီး စောင့်ကြည့်နေပါတယ်။ မားစ်ရောဂါ ကူးစက်ခံသူတွေထဲက ၃ ပုံ ၁ ပုံကျော် သေဆုံးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။ ဆော်ဒီအာရေးဗီးယားမှာ လူပေါင်း ၉၅၀ ကူးစက်ခဲ့ပြီး ၄၁၂ ယောက် သေဆုံးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up