ပြင်သစ် ရာဖယ်တိုက်လေယာဉ် ၃၆ စီး အိန္ဒိယ ၀ယ်ယူမည်

ဓာတ်ပုံ - ရိုက်တာ
1.5K
အိန္ဒိယက ပြင်သစ် ရာဖယ်တိုက်လေယာဉ် ၃၆ စီး ဝယ်ယူမှုကို ၂ လ၊ ၃ လအတွင်း အပြီးသတ်မယ်လို့ ပါရီလေကြောင်းပြပွဲကို လာရောက်လည်ပတ်နေတုန်း ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ဇွန် ၁၆ ရက်နေ့မှာ ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြင်သစ်ကို လာလည်စဉ် ရာဖယ် တိုက်လေယာဉ် ၃၆ စီး မှာယူဖို့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တယ်၊ အိန္ဒိယ အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေ ကောင်းကောင်း ဆက်လုပ်နေတယ်လို့လည်း ပြင်သစ် ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ပြင်သစ်လေယာဉ် ထုတ်လုပ်သူ ဒတ်ဆော့ထ် အေဗီယေရှင်း (Dassault Aviation) ဟာ ဖေဖော်ဝါရီလမှာ အီဂျစ်နိုင်ငံက ဂျက်လေယာဉ်အမှာစာတွေ ရခဲ့အပြီး ဧပြီလမှာ အိန္ဒိယက အမှာစာတွေ ရခဲ့တာပါ။
အဲဒီနောက် ကာတာနိုင်ငံက လေယာဉ်မှာယူတာ လုပ်ခဲ့ပြီး မလေးရှား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့နဲ့လည်း လေယာဉ်ဝယ်ယူရေး ဆွေးနွေးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။