ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း တောင်ကိုရီးယားကို ရှုံးနိမ့်

ဓာတ်ပုံ - MFF
မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယား အသင်းနဲ့ ဇွန် ၁၆ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ ဘောလုံးကွင်းမှာ ကစားခဲ့ရာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ တောင်ကိုရီးယားကွင်းလယ်လူ လီဂျေးဆောင်က ခေါင်းတိုက်ဂိုးနဲ့ ၆၇ မိနစ်မှာ တိုက်စစ်မှူး ဆွန်ဟောင်မင်က ပြစ်ဒဏ်ဘောမှတဆင့် သွင်းယူတဲ့ ဂိုးတွေနဲ့ ရှုံးနိမ့် ခဲ့ရတာပါ။ မြန်မာအသင်းဟာ ပထမပွဲစဉ်မှာ လာအိုနဲ့ သရေကျထားတာကြောင့် ၂ ပွဲကစား ၁ မှတ်သာ ရပါသေးတယ်။ အုပ်စုတွင်း အခြားပွဲစဉ်မှာတော့ လက်ဘနွန်က လာအိုကို ၂ - ၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အခုအကြိမ်ဟာ  ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ အာရှဖလား ခြေစစ်ပွဲကို ပေါင်းပြီး ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ တောင်ကိုရီးယား၊ ကူဝိတ်၊ လက်ဘနွန်၊ လာအိုတို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အုပ်စုဗိုလ် ၈ သင်းနဲ့ အကောင်းဆုံး ဒုတိယ ၄ သင်းဟာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအောင်မှာ ဖြစ်သလို ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကိုလည်း တက်မှာ ဖြစ်ပါတယ်။ ကျန်ခဲ့တဲ့  အကောင်းဆုံး ဒုတိယ ၄ သင်း၊ အုပ်စု တတိယနေရာရ အသင်း ၈ သင်းနဲ့  စတုတ္ထနေရာက အကောင်းဆုံး ၄ သင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် တက်မှာ ဖြစ်ပါတယ်။ ကျန် စတုတ္ထနေရာရ ၄ သင်းနဲ့ အုပ်စုနောက်ဆုံးနေရာရ ၈ သင်းတို့ကတော့ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်တက်ဖို့ ရှုံးထွက်ပွဲ ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up