A d v e r t i s e m e n t With Us

နီပေါငလျှင်ဒဏ်ကြောင့် ဘုန်းတော်ကြီးသင် စာသင်ကျောင်းရှိ ကလေးများ ပိတ်မိရာမှ ကယ်တင် (ရုပ်သံ)

နီပေါမှာ ဧပြီနဲ့ မေလက ငလျှင် ၂ ကြိမ် ကြုံခဲ့ပြီးနောက် ပြင်ပနဲ့ အဆက်အသွယ် ပြတ်တောက်နေတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတကျောင်းက ကလေးနဲ့ ဆရာ ဆရာမ အယောက် ၆၀ ကို ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်က ဇွန် ၁၅ ရက်နေ့မှာ ကယ်တင်ခဲ့ပါတယ်။ တိဘက်နဲ့ နယ်စပ်ရွာငယ်လေးမှာ ဖွင့်ထားတဲ့ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာမတွေကို ကယ်တင်ပေးဖို့ နီပေါအစိုးရက အကူအညီ တောင်းခံခဲ့တာပါ။ အဲဒီကျောင်းဟာ ဧပြီလ ငလျင်မှာ ကျောင်းဆောင်တွေနဲ့ မီးဖိုဆောင် ပျက်စီးခဲ့ပြီး မေလ ၁၂ ရက်နေ့ ငလျင်မှာတော့ ဆက်သွယ်ရေး တာဝါတိုင်ပါ ပျက်စီးသွားခဲ့ပါတယ်။ မြေပြိုမှုတွေကြောင့်လည်း ရွာဆီကိုသွားတဲ့လမ်းတွေ ပျက်စီးသွားတယ်လို့ WFP ရဲ့ ကြေညာချက်က ဆိုပါတယ်။ ကယ်ထုတ်လာတဲ့ ကလေးတွေဟာ အသက် ၅ နှစ်နဲ့ ၁၈ နှစ်ကြားဖြစ်ပြီး သူတို့အတွက် ရိက္ခာမလုံမလောက် ဖြစ်နေတယ်လို့ WFP ရဲ့ ပြောခွင့်ရသူ အိုလန်ဒါ ဂျက္ကမတ် (Iolanda Jaquemet) က ပြောပြပါတယ်။ သူတို့ကို ဘေးကင်းလုံခြုံတဲ့ ဘုန်းကြီးကျောင်းတွေကို ပို့ပေးမယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂလက်အောက်ခံ WFP အဖွဲ့ဟာ လူပေါင်း ၂ သန်း နီးပါးလောက်ကို အကူအညီတွေ ပေးနေပြီး လက်ရှိလည်း အမြင့်ပိုင်းဒေသနေ ပြည်သူတွေအတွက် ရိက္ခာနဲ့ တခြား ကယ်ဆယ်ရေး ပစ္စည်းတွေကို ပို့ပေးနေတယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up