A d v e r t i s e m e n t With Us

အပူပိုင်းမုန်တိုင်းဘီလ် တက္ကဆပ်ပြည်နယ် ကမ်းရိုးတန်းကို ၀င်ရောက်နိုင်

အပူပိုင်းမုန်တိုင်း ဘီလ်က အမေရိကန်နိုင်ငံ တက္ကဆပ်ပြည်နယ် ကမ်းရိုးတန်းကို ဇွန် ၁၆ ရက် အင်္ဂါမနက်မှာ ကုန်းတွင်းဝင်ရောက်ဖို့ မျှော်လင့်ထားလို့ ဒေသခံတွေ ကြိုတင် ပြင်ဆင်နေကြပါတယ်။ မုန်တိုင်းကြောင့် တက္ကဆပ်အရှေ့ပိုင်း အစိတ်အပိုင်းတွေမှာ မိုးသည်းနိုင်ပြီး အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် ဇွန် ၁၆ အင်္ဂါညမှာ အားလျော့သွားမယ်လို့ မိုင်ယာမီအခြေစိုက် အမေရိကန် အမျိုးသားဟာရီကိန်းဌာန မိုးလေဝသ ခန့်မှန်းသူက ပြောပါတယ်။ မိုးသည်းနေတုန်း လမ်းဆုံတွေနဲ့ ဥမင်ကားလမ်းတွေ ရေလွှမ်းမိုးနိုင်တယ်၊ ဟူစတန်မှာ လမ်းတွေကို ရေထုတ်စနစ်ရဲ့ အစိတ်အပိုင်းအဖြစ် ပုံစံထုတ်ထားတယ်ဆိုတာ လူတိုင်းကို သတိပေးချင်တယ်လို့ ဟူစတန် မြို့တော်ဝန်က ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ အတ္တလန္တိတ်ဒေသ ၂၀၁၅ မုန်တိုင်းရာသီမှာ ဘီလ်ဟာ မုန်တိုင်း အန်နာပြီးရင် ဒုတိယမြောက် နာမည်မှည့်ခေါ်တဲ့ မုန်တိုင်းဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up