A d v e r t i s e m e n t With Us

ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူများကို ယနေ့ ထပ်မံရုံးထုတ် စစ်ဆေးမည်

အမျိုးသားပညာရေး ဥပဒေကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို  ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ သာယာဝတီ ခရိုင်တရားရုံးမှာ ထပ်မံ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။ အခုလို ကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို သာယာဝတီတရားရုံးမှာ ရုံးတင် စစ်ဆေးနေတာဟာ အခုအကြိမ်နဲ့ဆိုရင် ၆ ကြိမ်မြောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးခံကျောင်းသားတချို့နဲ့ ၀န်းရံပြည်သူတချို့ကို သာယာဝတီတရားရုံးမှာအမှု စစ်ဆေးဖို့ ရုံးထုတ်လာရင်း ၀န်းရံပြည်သူတွေထဲက တဦးမေ့လဲတာကြောင့် အရေးပေါ်ဆေးရုံတင်ရပြီး ရုံးချိန်းရပ်နားခဲ့တာပါ။ လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။ သာယာဝတီထောင်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up