A d v e r t i s e m e n t With Us

ဆီးဂိမ်းဗိုလ်လုပွဲ မြန်မာ ယူ ၂၃ အသင်းကို ပရိသတ် တခဲနက်အားပေး

ဓာတ်ပုံ - MFF
ထိုင်းက မြန်မာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို နိုင်ငံတ၀ှမ်းက ပရိသတ်တွေ သိန်းနဲ့ချီပြီး တခဲနက် အားပေးခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေး အပါအ၀င် နိုင်ငံတ၀ှမ်းက မြို့အသီးသီးမှာ ပရိသတ်တွေဟာ  လမ်းမတွေပေါ်မှာ တီဗွီဖန်သားပြင်ကနေ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဘောလုံးပွဲကျင်းပတဲ့ စင်ကာပူနိုင်ငံမှာလည်း လက်မှတ်အခက်အခဲရှိတဲ့ ကြားကနေ မြန်မာပရိသတ်တွေဟာ သောင်းနဲ့ချီပြီး ကွင်းထဲအထိ လိုက်လံအားပေးခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ ယူ ၂၃ အသင်းက ထိုင်းကို ရှုံးတဲ့အတွက် ဒုတိယ ငွေတံဆိပ်ဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ထိုင်းအသင်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းရောက်မှ သွင်းယူနိုင်တာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ ၁၉၇၃ နောက်ပိုင်းမှာ ၃ ကြိမ်မြောက်အဖြစ် ဆီးဂိမ်းဗိုလ်လုပွဲကို တက်လှမ်းလာတာပါ။ ဗိုလ်လုပွဲထိ တက်လှမ်းလာတဲ့ မြန်မာကို တနိုင်ငံလုံးက မျှော်လင့်အားပေးခဲ့ပေမယ့်  တဘက် ထိုင်းအသင်းက အတွေ့အကြုံနဲ့ ဘောလုံးပညာ ပိုကောင်းတဲ့အတွက် အရှုံးပေးလိုက်ရတာပါ။ ထိုင်းအသင်းကတော့ ဆီးဂိမ်းရွှေတံဆိပ်ကို ၁၅ ကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။ တတိယနေရာလုပွဲမှာတော့ ဗီယက်နမ်က အင်ဒိုနီးရှားကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဓာတ်ပုံ - MFF 11168538_567309990074484_185372893289582409_n 11425225_567310020074481_8753741306255622957_n11109502_567309760074507_8874386598109200267_n

A d v e r t i s e m e n t With Us

More News
Up