A d v e r t i s e m e n t With Us

အိုင်စီစီမှ အလိုရှိနေသည့် သမ္မတ ဘာရှီးယား ဆူဒန်ပြန်ရောက်

ဓာတ်ပုံ - ရိုက်တာ
နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာ ခုံရုံး (အိုင်စီစီ) က အလိုရှိနေတဲ့ ဆူဒန် သမ္မတ အိုမာ အယ် ဘာရှီးယားဟာ ဇွန် ၁၅ ရက်နေ့မှာ တောင်အာဖရိက နိုင်ငံကနေ ဆူဒန်ကို ပြန်သွားပါပြီ။ ဆူဒန်နိုင်ငံ ခါတွန် လေဆိပ်မှာ သမ္မတကို လူရာပေါင်းများစွာက သူရဲကောင်းတယောက်လို ကြိုကြပါတယ်။ တောင်အာဖရိကမှာ အာဖရိက သမဂ္ဂ ထိပ်သီးအစည်းအဝေး တက်ရောက်နေချိန် တောင်အာဖရိက တရားရုံးတခုက သမ္မတ ဘာရှီးယားကို တောင်အာဖရိကနေ မထွက်ခွာဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံဟာ အိုင်စီစီမှာ လက်မှတ်ထိုးထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက် အိုင်စီစီက အလိုရှိနေတဲ့ တရားခံပြေးတွေကို ဖမ်းဆီးပေးရမယ့် ၀တ္တရား ရှိပါတယ်။ ဒါပေမယ့် အာဏာရ အေအန်စီကတော့ နယ်သာလန်နိုင်ငံ သဟိတ်မှာ အခြေစိုက်တဲ့ အိုင်စီစီဟာ အာဖရိက တိုက်သားတွေနဲ့ ပတ်သက်လာရင် ဘက်လိုက်မှုရှိပြီး အသုံးမ၀င်တော့ဘူးလို့ စွပ်စွဲ အပြစ်တင်ပါတယ်။ အာဖရိက သမဂ္ဂ အစည်းအဝေးကို တက်ရောက်တဲ့ ခေါင်းဆောင်တိုင်းကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်အာဖရိက အစိုးရက ကတိပြုထားပါတယ်။ ဆူဒမ်သမ္မတ ဘာရှီးယားဟာ ဒါဖာဒေသမှာ လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ ကိစ္စကို စီစဉ်ညွှန်ကြားခဲ့သူအဖြစ် အိုင်စီစီက စွပ်စွဲပြီး ၂၀၀၉ နဲ့ ၂၀၁၀ မှာ ဖမ်းဝရမ်း ထုတ်ထားပါတယ်။ သမ္မတ ဘာရှီးယားကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။ ဒါဖာ ပဋိပက္ခမှာ လူပေါင်း ၃ သိန်းလောက် သေဆုံးပြီး ၂ သန်းလောက် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up