A d v e r t i s e m e n t With Us

နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒါဘတ် ရီးရဲလ်ဘီတစ်သို့ ပြောင်းရွှေ့

ဓာတ်ပုံ - ရိုက်တာ
နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒါဘတ်ဟာ စပိန်လာလီဂါကလပ် ရီးရဲလ်ဘီတစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားပါတယ်။ ဗန်ဒါဘတ်ဟာ ဂျာမန်ကလပ် ဟမ်းဘတ်ကနေ ရီးရဲလ်ဘီတစ်ကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့သွားတာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အသင်းပြောင်းဖို့ ဆေးစစ်တာ အောင်မြင်ပြီးဖြစ်လို့ ဒီကနေ့ ဇွန် ၁၆ ရက်နေ့မှာ အသင်းသစ်နဲ့ စာချုပ်ချုပ်ဆိုမှာပါ။ စာချုပ်ထဲမှာ နောက်ထပ် ၁ နှစ်သက်တမ်း တိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင် နေပါတယ်။ ရီးရဲလ်ဘီတစ်အသင်းဟာ လာလီဂါ ဒုတိယတန်းအသင်းကနေ ပြီးခဲ့တဲ့လက လာလီဂါကို တန်းတက်လာတဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဗန်ဒါဘတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ၂၀၀၈ ကနေ ၂၀၁၀ အထိ ကစားခဲ့ဖူးပါတယ်။ သူဟာ နယ်သာလန်အသင်းအတွက် ၁၀၉  ပွဲမှာ ၂၅ ဂိုး သွင်းပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up