A d v e r t i s e m e n t With Us

မြောက်ကိုရီးယားစစ်သားတဦး တောင်ကိုရီးယားဘက် ခိုလှုံ

ဓာတ်ပုံ - ရိုက်တာ
နှစ်ဘက်စစ်အင်အား အထူအထပ်ချထားတဲ့ တောင်နဲ့မြောက်ကိုရီးယားနယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယား စစ်သားတဦး တောင်ကိုရီးယားနိုင်ငံဘက်ကို ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဇွန် ၁၅ ရက်နေ့က အတည်ပြု ထုတ်ပြန်ကြေညာပါတယ်။ ဆယ်ကျော်သက်အရွယ် မြောက်ကိုရီးယားစစ်သားဟာ နှစ်နိုင်ငံကြား စစ်မဲ့ဇုန်ကိုဖြတ်ပြီး တောင်ကိုရီးယားစစ်တပ်မှာ လာရောက်ခိုလှုံခဲ့တာဖြစ်ပြီး နယ်စပ်မှာ ပစ်ခတ်ခြိမ်းခြောက်တာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။ လောလောဆယ် သူ့ကို တောင်ကိုရီးယားစစ်တပ်က ထိန်းသိမ်းထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှုတွေကြောင့် မြောက်ကိုရီးယားနိုင်ငံသား အများအပြား တောင်ကိုရီးယားနိုင်ငံကို လာရောက်ခိုလှုံသူတွေ ရှိပေမယ့် အများစုက တရုတ်နိုင်ငံကနေတဆင့် လာရောက်ခိုလှုံကြတာပါ။ နှစ်နိုင်ငံနယ်စပ်နဲ့ ကြားကစစ်မဲ့ဇုန်မှာ နှစ်ဘက်တပ်ဖွဲ့ဝင်တွေ အခိုင်အမာချထားပြီး မြေမြှုပ်မိုင်းတွေ အထူအထပ်ချထားတဲ့ ဒီနယ်စပ်ကို ဖြတ်ပြီး လာရောက်ခိုလှုံမှုက မရှိသလောက် ရှားပါးပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား ၂၈၀၀၀ လောက် နိုင်ငံကနေ ထွက်ခွာလာကြပေမယ့် အများစုဟာ တရုတ်နိုင်ငံထဲကိုဝင်ပြီး အရှေ့တောင်အာရှ နိုင်ငံတွေကတဆင့် တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်ခိုလှုံရတာပါ။ ပြီးခဲ့တဲ့လတွေအတွင်း မြောက်ကိုရီးယားစစ်သားတွေ တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်းခိုလှုံမှု တင်းကျပ်ဖို့ နယ်စပ်မှာ အစီအမံတွေ လုပ်ခဲ့တယ်လို့လည်း တောင်ကိုရီးယား အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up