ဆီးဂိမ်းဗိုလ်လုပွဲ မြန်မာအသင်းက ထိုင်းအသင်းကို ရှုံးနိမ့်

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် မြန်မာနဲ့ထိုင်း ယူ ၂၃ အသင်းတို့ စင်ကာပူ အမျိုးသားအားကစားကွင်းမှာ ဒီနေ့ မြန်မာစံတော်ချိန် ၇ နာရီ စတင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ထိုင်းအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိသွားပါတယ်။
မြန်မာအသင်းက အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ကစားခဲ့ပြီး ထိုင်းကတော့ အပြာရောင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။
ပွဲစစချင်းမှာ နှစ်ဖက်အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး ပွဲချိန် ၆ မိနစ်မှာတော့ ထိုင်းအသင်းက အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမားက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ဗီယက်နမ်အသင်းနဲ့ ဆီမီးဖိုင်နယ်ကစားစဉ်က ခြေမျိုးမဟုတ်ဘဲ တသင်းလုံးအချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။
ထိုင်းအသင်းကတော့ အဝေးဘောတွေပေးပြီး ကစားတာ အတော်ကောင်းပါတယ်။ ဒီနေ့ပွဲမှာတော့ နှစ်သင်းလုံး တိုက်စစ်ဖွင့်ပြီး ကစားတာ တွေ့ရပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာတော့ ထိုင်းအသင်းက ထောင့်ကန်ဘောကန်ခွင့်ရပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
၁၃ မိနစ်မှာတော့ ထိုင်းအသင်းက ကျောနံပါတ် ၁၈ မြန်မာဂိုးဧရီယာ ထိပ်နားကနေ ကန်သွင်းခဲ့ပေမယ့် ဂိုးညာဘက်ခြမ်းအပြင်ဘက်ကို ထွက်သွားခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာတော့ မြန်မာအသင်းက ထိုင်းအသင်း ဂိုးဧရိယာ ဘယ်ဘက်ခြမ်းကနေ အဝေးဘောကန်သွင်းခဲ့ပေမယ့် ထိုင်းဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ် ။
၁၅ မိနစ်အထိ နှစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပေမယ့် တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။
၁၆ မိနစ်မှာ ထိုင်းရှေ့တန်းတိုက်စစ်မှူး နံပါတ် ၇ မြန်မာဂိုးဧရိယာ ထိပ်နားကနေ ကန်ခွင့်ရပေမယ့် ဂိုးဘားပေါ် ကျော်သွားခဲ့ပါတယ်။
၁၉ မိနစ်မှာတော့ ထိုင်းအသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ထိုင်းအသင်းက ကျောနံပါတ် ၁၂ ဂိုးထဲတိုက်ရိုက်ကန်သွင်းခဲ့ရာမှာ မြန်မာအသင်းဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။
မိနစ် ၂၀ မှာတော့ မြန်မာကွင်းလယ်ကစားသမား ရဲကိုဦး အဖျက်ကြမ်းတယ်ဆိုပြီး ဒိုင်က ပြစ်ဒဏ်ဘောပေးပြီး အ၀ါကတ်ပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ပြစ်ဒဏ်ဘောကန်ရာမှာ မြန်မာနောက်ခံလူတွေ ဖျက်ထုတ်ခဲ့လို့ ထောင့်ကန်ဘော ရရှိခဲ့ပြီး ကန်ခဲ့ပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၂၄ မိနစ်မှာတော့ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို ကျော်နံပါတ် ၅ စည်သူအောင် ကန်တင်ရာမှာ ထိုင်ကစားသမားတွေ ဖျက်ထုတ်ခဲ့လို့ ထောင့်ကန်ဘောထပ်ရပါတယ်။ ထောင့်ကန်ဘော ကန်တင်ရာမှာတော့ ထိုင်းဂိုးသမား ဖမ်းယူနိုင်ဲ့ပါတယ်။
ပွဲချိန် မိနစ် ၂၈ မိနစ် မှာတော့ မြန်မာအသင်းက အပိုင်ကန်သွင်းခွင့်ရပေမယ့် ထိုင်းဂိုးသမားက ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၃၀ မှာတော့ မြန်မာအသင်း တိုက်စစ်မှူး ကျောနံပါတ် ၂၀ ရှိုင်းသူရကို ထိုင်းအသင်းက ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့ပေမယ့် ဒိုင်က မမြင်ခဲ့ပါဘူး။ ပွဲချိန် ၃၄ မိနစ်မှာတော့ ရှိုင်းသူရကို ထိုင်းအသင်းက ဖျက်ထုတ်တာကြမ်းလို့ မြန်မာအသင်းက ပြစ်ဒဏ်ဘော ရရှိခဲ့ပါတယ်။
ပွဲချိန် ၃၅ မိနစ်မှာတော့ မြန်မာဂိုးဧရိယာ ညာခြမ်းကနေ ထိုင်းအသင်းက ခေါင်းတိုက်သွင်းခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။
ပွဲချိန် ၃၆ မိနစ်မှာလည်း မြန်မာရှေ့တန်းတိုက်စစ်မှူး ရှိုင်းသူရ တကိုယ်တော်ဆွဲပြေးပြီး ကန်သွင်းဖို့ကြိုးစားရာမှာ ထိုင်းနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၄၂ မှာတော့ ထိုင်းအသင်းက အပိုင်ကန်သွင်းခွင့်ရတာကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုး အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ပြီးဆုံးခါနီးမှာ ထိုင်းအသင်းရဲ့ အပိုင်ကန်သွင်းချက်ကို မြန်မာဂိုးသမား ကျော်ဇင်ဖြိုးက အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ တဖက်နဲ့တဖက် အပြန်အလှန် ထိုးဖောက်ကစားခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းပြီးဆုံးသွားပါတယ်။
ဒုတိယပိုင်းမှာလည်း နှစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပါတယ်။ ပွဲချိန် ၅၀ မှာတော့ မြန်မာက ထောင့်ကန်ဘောရရှိပါတယ်။ ထောင့်ကန်ဘောကို ကန်တင်ခဲ့ပေမယ့် ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၁ မိနစ်မှာလည်း ထိုင်းအသင်းက ကန်သွင်းခဲ့ပေမယ့် မြန်မာဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ၅၂ မိနစ်မှာလည်း ထိုင်းအသင်းရဲ့ အပိုင်ကန်သွင်းချက်ကို မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲချိန် ၅၃ မှာ ထိုင်းအသင်းက ထောင့်ကန်ဘောရရှိပြီး ဂိုးရှေ့ကန်တင်ရာမှာ မြန်မာကစားသမားတွေ မဖျက်ထုတ်နိုင်ပဲ ထိုင်းက သွင်းယူခဲ့လို့ ၁-၀ ဂိုးနဲ့ ဦးဆောင်နေပါတယ်။
ပွဲချိန် ၅၅ မိနစ်မှာလည်း ထိုင်းအသင်းက မြန်မာဂိုးဧရိယာ ဘယ်ခြမ်းမှာ ပြစ်ဒဏ်ဘောရရှိခဲ့ပေမယ့် မြန်မာကစားသမားတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၅၈ မိနစ်မှာလည်း ထိုင်းအသင်းရဲ့ အပိုင်ကန်သွင်းချက်ကို မြန်မာ ဂိုးသမား ဖျက်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲချိန် မိနစ် ၆၀မှာတော့ စောသီဟနေရာမှာ လှိုင်းဘိုဘိုက ၀င်ရောက်ကစားခဲ့ပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာလည်း မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။
ပွဲချန် ၆၃ မိနစ်မှာတော့ ထိုင်းအသင်းက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၀ အထိ မြန်မာက မြန်မာက ချေပဂိုး ပြန်လည်သွင်းယူနိုင်ခြင်းမရှိပါဘူး။
ပွဲချိန် ၇၅ မိနစ်မှာတော့ မြန်မာက ပြစ်ဒဏ်ဘောရရှိပါတယ်။ ပြစ်ဒဏ်ဘောကို နေလင်းထွန်း အသင်းခေါင်းဆောင် ကန်သွင်းခဲ့ပေမယ့် ဂိုးလွန်ဘောဖြစ်သွားခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာတော့ ထိုင်းအသင်းက တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
ဒီနောက်မှာတော့ ထိုင်းအသင်းကပဲ တောက်လျှောက်ဖိကစားခဲ့ပြီး ၃-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။