A d v e r t i s e m e n t With Us

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ရွေးမည့်စနစ် လူထောင်ချီ ဆန္ဒပြ

ဓာတ်ပုံ - ရိုက်တာ
ဟောင်ကောင်မှာ အုပ်ချုပ်ရေးမှူး ရွေးချယ်မယ့် စနစ်ကို ကန့်ကွက်တဲ့အနေနဲ့ လူထောင်နဲ့ချီပြီး ဇွန် ၁၄ ရက်နေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ တရုတ်ပြည်မကြီးက အဆိုပြုထားတဲ့ ရွေးကောက်ပုံစနစ်အရ ဟောင်ကောင် အုပ်ချုပ်ရေးမှူး တိုက်ရိုက်မဲပေးစနစ်နဲ့ ရွေးချယ်မှာဖြစ်ပေမယ့် အုပ်ချုပ်ရေးမှူးလောင်းတွေကို အရင်စိစစ်မယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်အစိုးရက လိုလားတဲ့ သူတွေကိုပဲ ရွေးကောက်ပွဲ ၀င်ခွင့်ရအောင် စီစဉ်ထားတဲ့ပုံစံ ဖြစ်တယ်လို့ ဒီမိုကရေစီ လိုလားသူတွေက ဆိုပါတယ်။ ဆန္ဒပြသမားတွေဟာ အ၀ါရောင်တီရှပ်ကို ၀တ်ထားပြီး အ၀ါရောင် ထီးတွေကိုလည်း ကိုင်ထားကြပါတယ်။ ဒါဟာ ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှုားမှု သင်္ကတသဘောဖြစ်ပြီး ဗစ်တိုးရီးယား ပန်းခြံအထိ ချီတက်သွားကြပါတယ်။ ပြည်သူ့အခွင့်အရေး တပ်ဦးအဖွဲ့က ဒိုင်စီ ချမ်းက ပေဂျင်းကပေးတဲ့ အတုအယောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ မနှစ် နှောင်းပိုင်းက ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသမားတွေဟာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ထိုင်သပိတ်ပြုလုပ်ခဲ့လို့ ဟောင်ကောင်ရဲ့ စီးပွားရေးနယ်မြေမှာ ရက်သတ္တပတ် အတန်ကြာ လုပ်ငန်းတွေ အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။ မနှစ်က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတယောက်ဖြစ်တဲ့ ဂျို့ဟွာ ဝေါင်းက တိုက်ပွဲကို ဆက်လုပ်မယ်လို့ ပြောပါတယ်။ “ဟောင်ကောင် ပြည်သူတွေက ဒီမိုကရေစီလိုချင်တဲ့ စိတ်ပိုင်းဖြတ်မှုကို ပြသတဲ့အနေနဲ့ ဆန္ဒပြပွဲမှာ ပူးပေါင်းတာဖြစ်တယ်။ ဒီလိုလှုပ်ရှားမှုကြောင့် ဒီမိုကရက်တွေ အားလုံးလည်း တညီတညွတ်တည်း မူဝါဒအပေါ် ရပ်တည်ဖို့အတွက် တွန်းအားဖြစ်စေလိမ့်မယ်။” တရုတ်ပြည်မကြီးက အဆိုပြုထားတဲ့ ရွေးကောက်ပွဲဥပဒေကို ဟောင်ကောင် လွှတ်တော်အမတ်ေတွက ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးပြီး ဒီတပတ်နှောင်းပိုင်းမှာ မဲခွဲကြဖို့ ရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up