A d v e r t i s e m e n t With Us

ကိုပါဖလားပြိုင်ပွဲ ဘရာဇီး ပွဲဦးထွက် နိုင်ပွဲရ

ဓာတ်ပုံ - ဖီဖာ
ဇွန် ၁၄ ရက်နေ့က ချီလီနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ကိုပါအမေရိကား ဖလားပြိုင်ပွဲ အုပ်စု စီ ပွဲစဉ်မှာ ဘရာဇီးက ပီရူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပီရူးအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာပဲ ဘရာဇီးနောက်ခံလူ ဒေးဗစ် လု့စ် မရှင်းထုတ်နိုင်တဲ့ အမှားကနေ သွင်းယူပါတယ်။ နောက် ၂ မိနစ်လောက် အကြာမှာပဲ ဘရာဇီးအတွက် ချေပဂိုးကို အဲဗက်စ်ရဲ့ ပေးပို့မှုကနေ တိုက်စစ်မှူး နေမာက သွင်းယူပါတယ်။ ဒီဂိုးဟာ နေမာရဲ့ ဘရာဇီးအတွက် ၄၄ ဂိုးမြောက်လည်း ဖြစ်ပါတယ်။ ၁ ဂိုးစီသရေနဲ့ အဆုံးသတ်တော့မလို ဖြစ်နေတုန်း မိနစ် ၉၀ မှာ ဘရာဇီးအတွက် အနိုင်ဂိုးကို ဒေါက်ကလပ်စ်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဘရာဇီးဟာ ဇွန်လ ၁၇ ရက်နေ့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ကိုလံဘီယာနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စု စီ တခြားပွဲစဉ်မှာတော့ ဗင်နီဇွဲလားက ကိုလံဘီယာကို ၁ - ၀ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဓာတ်ပုံ - ဖီဖာ

Brazil's Douglas celebrates with teammates after scoring against Peru during their first round Copa America 2015 soccer match at Estadio Municipal Bicentenario German Becker in Temuco

A d v e r t i s e m e n t With Us

More News
Up