စတုဂတ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ရာဖယ် နာဒယ် ဗိုလ်စွဲ
ကျမနီနိုင်ငံမှာ ဇွန် ၁၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ စတုဂတ်ဖလား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရာဖယ် နာဒယ်ဟာ ဗစ်တာ ထရော့စကီးကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။
စပိန်သား နာဒယ်အတွက်တော့ မြက်ခင်းကွင်းမှာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်တာ ဖြစ်ပါတယ်။
ပထမပွဲမှာ အကြိတ်အနယ်ရှိခဲ့လို့ အဆုံးအဖြတ်အမှတ် Tie Break အထိ ဆက်ခဲ့ရပြီး နာဒယ်က ၇ - ၃ နဲ့ အနိုင်ရသွားတာပါ။
စတုဂတ်ဖလား ချန်ပီယံဆုကို နာဒယ်ဟာ ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ်မှာ ၂ ကြိမ် ရထားပါတယ်။
ဒုတိယပွဲမှာတော့ နာဒယ်က အပြန်အလှန် အကွက်ချ ရိုက်ချက်တွေ လက်စွမ်းပြပြီး ထရော့စကီးကို ၆ - ၃ နဲ့ အနိုင်ရသွားပါတယ်။
စတုဂတ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်လို့ နာဒယ်က ကမ္ဘာ့အဆင့် ၁၀ နေရာက အဆင့်တက်လာနိုင်ဖို့ ရှိနေပါတယ်။
စတုဂတ် ချန်ပီယံဆုဟာ နာဒယ်အတွက်တော့ ဒီနှစ်ထဲမှာ ဒုတိယမြောက်ရတဲ့ ချန်ပီယံဆုလည်း ဖြစ်ပါတယ်။