စတုဂတ်ဖလား တင်းနစ်ပြိုင်ပွဲတွင် ရာဖယ် နာဒယ် ဗိုလ်စွဲ

ဓာတ်ပုံ - ရိုက်တာ
ကျမနီနိုင်ငံမှာ ဇွန် ၁၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ စတုဂတ်ဖလား တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရာဖယ် နာဒယ်ဟာ ဗစ်တာ ထရော့စကီးကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားပါတယ်။ စပိန်သား နာဒယ်အတွက်တော့ မြက်ခင်းကွင်းမှာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်တာ ဖြစ်ပါတယ်။ ပထမပွဲမှာ အကြိတ်အနယ်ရှိခဲ့လို့ အဆုံးအဖြတ်အမှတ် Tie Break အထိ ဆက်ခဲ့ရပြီး နာဒယ်က ၇ - ၃ နဲ့ အနိုင်ရသွားတာပါ။ စတုဂတ်ဖလား ချန်ပီယံဆုကို နာဒယ်ဟာ ၂၀၀၅ နဲ့ ၂၀၀၇ ခုနှစ်မှာ ၂ ကြိမ် ရထားပါတယ်။ ဒုတိယပွဲမှာတော့ နာဒယ်က အပြန်အလှန် အကွက်ချ ရိုက်ချက်တွေ လက်စွမ်းပြပြီး ထရော့စကီးကို ၆ - ၃ နဲ့ အနိုင်ရသွားပါတယ်။ စတုဂတ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်လို့ နာဒယ်က ကမ္ဘာ့အဆင့် ၁၀ နေရာက အဆင့်တက်လာနိုင်ဖို့ ရှိနေပါတယ်။ စတုဂတ် ချန်ပီယံဆုဟာ နာဒယ်အတွက်တော့ ဒီနှစ်ထဲမှာ ဒုတိယမြောက်ရတဲ့ ချန်ပီယံဆုလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up