A d v e r t i s e m e n t With Us

ဂျော်ဂျီယာတွင် ရေကြီးမှုကြောင့် လူ ၉ ဦးသေဆုံး၊ တိရစ္ဆာန်ရုံမှ ခြင်္သေ့နှင့် ကျားများ လွတ်မြောက်နေ

ဂျော်ဂျီယာနိုင်ငံ ထပီလီစီမြို့တော်မှာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ညက ညလုံးပေါက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးခဲ့တဲ့အတွက် လူ ၉ ယောက် သေဆုံးခဲ့ပြီး တချို့ပျောက်ဆုံးနေတယ်လို့ ဇွန် ၁၄ ရက်နေ့က ဂျော်ဂျီယာသတင်းတွေမှာ ဖော်ပြပါတယ်။ မြို့တော်က တိရစ္ဆာန်ဥယျာဉ်ကြီးလည်း ရေကြီးခဲ့ပြီး အထဲက သားရိုင်းတိရစ္ဆာန်တွေ လွတ်မြောက်နေတဲ့အတွက် မြို့ခံတွေ အိမ်ပြင်မထွက်ဘဲ အိမ်မှာ လုံလုံခြုံခြုံနေကြဖို့ မြို့တော်အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ မြို့လယ်ရင်ပြင်မှာ လွတ်နေတဲ့ ရေမြင်းတကောင်ကိုတော့ မေ့ဆေး သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။ ကျား ၆ ကောင်၊ ခြင်္သေ့ ၆ ကောင်နဲ့ ၀က်ဝံ ၈ ကောင်လည်း လွတ်မြောက်နေတယ်လို့ ပြောပါတယ်။ တိရစ္ဆာန်အားလုံး ဘယ်နှစ်ကောင် လွတ်မြောက်နေလဲဆိုတာလည်း အာဏာပိုင်တွေ အတိအကျမသိရသေးပါဘူး။ ဒါကြောင့် အများအတွက်အန္တရာယ်ရှိတဲ့ တိရစ္ဆာန်တွေကိုတော့ အသေပစ်ခတ်ခဲ့ရပါတယ်။ ရေလျှံမှုအတွင်း သေဆုံးသွားခဲ့သူတွေနဲ့ မိသားစုဝင်တွေအတွက် သမ္မတက ၀မ်းနည်းစကား ပြောဆိုခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ နေရာပြန်လည်ချထားရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်လို့ ဒု-မြို့တော်ဝန်က ကတိပြုပြောဆိုထားပါတယ်။ ရေဘေးပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းလောက်ရှိမယ်လို့လည်း အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ရေဘေးဒုက္ခသည်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးစခန်း တခုကိုလည်း အစိုးရက ဖွင့်လှစ်ထားရှိပါတယ်။

A d v e r t i s e m e n t With Us

More News
Up