ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ နိုင်ငံအလိုက် အဆင့် ၇ နေရာတွင် ရပ်တည်

1.4K
စင်ကာပူမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်ပေါင်း ၁၁ ခုနဲ့ ဆုတံဆိပ် ရရှိမှု ဇယားရဲ့ အဆင့် ၇ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
အခုပြိုင်ပွဲမှာ အားကစားဝန်ကြီးဌာနက ရွှေတံဆိပ်ဆု ၅၀ လောက် ရဖို့ မျှော်မှန်းထားခဲ့တာပါ။
မြန်မာဟာ အိမ်ရှင်အဖြစ် လုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းမှာ ရွှေတံဆိပ်ပေါင်း ၈၀ ကျော် ရရှိခဲ့ပြီး နိုင်ငံအလိုက် ဆုတံဆိပ် ရပ်တည်မှုမှာ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ရွှေ၊ ငွေနဲ့ ကြေးတံဆိပ် စုစုပေါင်းက ၂၃၃ ခုအထိ ရရှိခဲ့ပါတယ်။
လက်ရှိ စင်ကာပူဆီးဂိမ်းမှာတော့ မြန်မာအားကစားအဖွဲ့ဟာ ဇွန် ၁၅ ရက် မနက်ပိုင်းအထိ ဆုတံဆိပ်ပေါင်း ၆၅ ခုပဲ ရယူထားနိုင်ပါတယ်။
ဒါကြောင့် ဆီးဂိမ်းသက်တမ်း ၂ နှစ်ကာလအတွင်းမှာ မြန်မာရတဲ့ ဆုတံဆိပ်တွေ သိသိသာသာ ကျဆင်းသွားတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။