အီရန် နျူကလီးယားအရေး သဘောတူညီမှုရရန် အချိန်ကြာနိုင်

ဓာတ်ပုံ - ရိုက်တာ
766
အနောက်နိုင်ငံတွေက မလိုလားအပ်တဲ့ တောင်းဆိုမှုတွေကို အဆက်မပြတ် လုပ်နေတာကြောင့် အီရန်နဲ့ အင်အားကြီးနိုင်ငံတွေကြားမှာ သဘောတူညီချက်ရဖို့ အချိန်ကြာသွားနိုင်တယ်လို့ အီရန် သမ္မတ ဟက်စန် ရူဟာနီက ပြောပါတယ်။
အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့ပေမ့ယ် ဇွန်လ ၃၀ မတိုင်ခင်မှာ အပြီးသတ် သဘောတူချက်ရဖို့အတွက် ညှိနှိုင်းစရာတွေ ဆက်ရှိနေတာပါ။
“ညှိနှိုင်းမှုတွေက တိုးတက်လာပါတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ သဘောမတူတာတွေ ရှိပါတယ်။ သဘောတူညီချက်ကို အီရန်က ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတဲ့ကိစ္စနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဘယ်လိုဖယ်ရှားမလဲဆိုတဲ့ ကိစ္စမျိုးတွေကို ညှိနှိုင်းဖို့ လိုပါသေးတယ်” လို့ အီရန်သမ္မတက ပြောပါတယ်။
တဖက်က အလွန်အကျွံ မတောင်းဆိုခဲ့ရင် သဘောတူညီချက်ဟာ သတ်မှတ်ချိန်အတွင်းမှာ ရသွားနိုင်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် အနောက်နိုင်ငံတွေဟာ မလိုလားအပ်တဲ့ တောင်းဆိုချက်တွေကို အစည်းအဝေးမှာ တင်နေတာကြောင့် ညှိနှိုင်းမှုအသစ်တွေ၊ ကြန့်ကြာမှုတွေ၊ ရွှေ့ဆိုင်းရတာတွေ ဖြစ်နေတာလို့ ဆိုပါတယ်။
တဖက်မှာ အရင်ကရှိခဲ့တဲ့ မူဘောင်ကို လေးစားမယ်ဆိုရင် သဘောတူညီမှု ရနိုင်ပါတယ်။ ဒါပေမ့ယ် အခုတော့ မလိုလားအပ်တဲ့ တောင်းဆိုမှုအသစ်တွေကြောင့် ဆွေးနွေးပွဲက မပြီးစီးနိုင် ဖြစ်နေရတယ်လို့လည်း အပြစ်တင်ပါတယ်။
အီရန်ဟာ နျူကလီးယားအရေးကိစ္စ ဆွေးနွေးပွဲတွေကို အချိန်ဆွဲဖို့ ဆန္ဒမရှိသလို တဖက်မှာလည်း ဘယ်အချိန်မှာ အဆင်ပြေရမယ်ဆိုတဲ့ ကန့်သတ်ချက်လည်း မထားဘူးလို့ ဆိုပါတယ်။
လာမယ့် ဇွန် ၁၇ ရက်နေ့ကျရင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ အင်အားကြီး ၆ နိုင်ငံနဲ့ ရုရှားတို့ ဆွေးနွေးပွဲ ပြန်စဖို့ ရှိပါတယ်။