ယူ ၂၀ ကမ္ဘာ့ဖလား ဘရာဇီး၊ ဆီနီဂေါ၊ ဆားဘီးယား၊ မာလီ ဆီမီးတက်

ဓာတ်ပုံ - ဖီဖာ
1K
ဇွန် ၁၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလား ယူ ၂၀ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ အသင်းအများစုက ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။
နာမည်ကြီး ဘရာဇီးက ပေါ်တူဂီနဲ့ ဂိုးမရှိ သရေကျလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ဘရာဇီးက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဂျာမနီကတော့ မာလီနဲ့ သရေကျလို့ ပင်နယ်တီမှာ မာလီက ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပြီး ဆားဘီးယားက အမေရိကန်အသင်းကို ပင်နယ်တီမှာ ၆ ဂိုး ၅ ဂိုးနဲ့ နိုင်ပြီး တက်သွားတာ ဖြစ်ပါတယ်။
ဆီနီဂေါအသင်းကတော့ အာရှလက်ကျန် ဥဇဘက်ကစ္စတန်ကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်သွားတာပါ။
လာမယ့် ၁၇ ရက်နေ့ ဆီမီးဖိုင်နယ်မှာ ဘရာဇီးက ဆီနီဂေါ၊ ဆားဘီးယားက မာလီနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲတွေကိုတော့ ဇွန် ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ဖို့ သတ်မှတ်ထားပါတယ်။
ဓာတ်ပုံ - ဖီဖာ