A d v e r t i s e m e n t With Us

ယူရို ၂၀၁၆ ခြေစစ်ပွဲ စပိန်နှင့် အင်္ဂလန် အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ ဇွန် ၁၄ နေ့က ကျင်းပခဲ့တဲ့ ယူရို ၂၀၁၆ ခြေစစ်ပွဲတွေ ယှဉ်ပြိုင်ကြရာ နာမည်ကြီး စပိန်၊ အင်္ဂလန်အသင်းတို့ အနိုင်ရသွားပါတယ်။ စပိန်က အဝေးကွင်းမှာ ဘီလာရုစ်ကို ကွင်းလယ်သမား ဆေးဗားလ် သွင်းတဲ့ တလုံးတည်းသော ဂိုးနဲ့ အနိုင်ရတာပါ။ ဒီပွဲမှာ စပိန်က တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။ ဒီပွဲနိုင်လို့ စပိန်က အုပ်စု (စီ) မှာ ၁၅ မှတ်နဲ့ စလိုဗေးကီးယားနောက် ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အုပ်စု (အီး) မှာ ပါဝင်နေတဲ့ အင်္ဂလန်ကတော့ အဝေးကွင်းမှာ စလိုဗေးနီးယားကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲရဲ့ ဦးဆောင်ဂိုးကို စလိုဗေးနီးယားက သွင်းယူပြီး အင်္ဂလန်အသင်းအတွက် ချေပဂိုးနဲ့ ဒုတိယဂိုးကို ကွင်းလယ်သမား ၀ီရှိုင်းယားက သွင်းယူပါတယ်။ စလိုဗေးနီးယားက ၈၄ မိနစ်မှာ ဒုတိယ ချေပဂိုး သွင်းယူခဲ့ပါတယ်။ အင်္ဂလန်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ရွန်နီက သွင်းယူပြီး အနိုင်ရသွားတာပါ။ ဒီဂိုးဟာ ရွန်နီရဲ့ အင်္ဂလန်အတွက် ၄၈ ဂိုးမြောက် သွင်းတဲ့ဂိုးဖြစ်ပြီး လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်းအများဆုံး စာရင်းမှာ ဒုတိယနေရာက ရပ်တည်နေပါတယ်။ အင်္ဂလန်ဟာ အုပ်စု (အီး) မှာ ရှုံးပွဲမရှိ ၁၈ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up