မက္ကဆီကိုတွင် ဆေးခြောက် ၄၁ တန်ကျော် ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
837
မက္ကဆီကို အာဏာပိုင်တွေဟာ ဆေးခြောက် ၄၁ တန်ကျော်ကို ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က တီဂျူယာနာမြို့မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဆေးခြောက်တွေ ဖမ်းမိတဲ့မြို့ဟာ မူးယစ်ဆေးဝါးတွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းရာမှာ ကြားခံမြို့ ဖြစ်ပါတယ်။
အခုဖမ်းမိလိုက်တဲ့ ဆေးခြောက်အထုပ်တိုင်းမှာ အမှတ်တံဆိပ်တမျိုးစီ တပ်ထားပြီး အမှတ်တံဆိပ် ၁၅ မျိုး ပါဝင်ပါတယ်။
ဒါကြောင့် သက်ဆိုင်ရာ ဈေးကွက် အသီးသီးဆီကို ပို့မယ့် ပစ္စည်းတွေ ဖြစ်တယ်လို့ ဗိုလ်ချုပ် ဂါလ်ဘရီယယ် ဂါစီယာ (Gabriel Garcia) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မူးယစ်ဆေးဝါးတွေဟာ ဆီနာလော့အ်(Sinaloa) ပြည်နယ်က ရာဇ၀တ်ဂိုဏ်းက ထုတ်လုပ်တာလို့ ယုံကြည်တယ်လို့လည်း ပြောပါတယ်။
ကလေး ၃ ယောက်ရှိတဲ့ လင်မယားနေထိုင်ရာ အိမ်ကနေ ဖမ်းမိတဲ့ ဒီ ဆေးခြောက်တွေရဲ့ ကာလပေါက်ဈေးက အမေရိကန်ဒေါ်လာ ၄၄ သန်းလောက် ရှိတယ်လို့လည်း ပြောပါတယ်။