A d v e r t i s e m e n t With Us

မင်္ဂလာဒုံ လူနေအိမ် အကြမ်းဖက်ဖယ်ရှားမှု နှစ်ဖက်အပြန်အလှန် အမှုဖွင့်

မင်္ဂလာဒုံမြို့နယ် ဆင်ဖုန်တောင်ရပ်ကွက် ဇေကမ္ဘာဝန်းအတွင်းက လူနေအိမ်တွေကို အကြမ်းဖက် ဖယ်ရှားဖမ်းဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ပက်သက်ပြီး နှစ်ဖက် ထိခိုက်နစ်နာသူတွေဘက်က အပြန်အလှန် အမှုဖွင့်နေကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ဆင်ဖုန်တောင်ရပ်ကွက်ကို ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ အကြမ်းဖက်လူတစုက အင်အားသုံးဖယ်ရှားတိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် ၄၈ လုံး ပျက်စီးသွားပြီး ရပ်ကွက်နေပြည်သူတွေနဲ့ ဇေကမ္ဘာ၀န်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာမှာ ထိခိုက်ဒဏ်ရာရသူ ရပ်ကွက်နေပြည်သူတွေက မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းမှာ အမှုဖွင့်ထားသလို ဇေကမ္ဘာကုမ္ပဏီဘက်ကလည်း ၀န်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် အမှုဖွင့်ထားတယ်လို့ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်း ရဲအုပ်မြင့်မောင်က ပြောပါတယ်။ အခုလို လူအင်အား စက်အင်အားတွေနဲ့ တိုက်ခိုက်ဖယ်ရှားခဲ့တာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းကို အသိပေးဆောင်ရွက်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဖယ်ရှားခံလိုက်ရတဲ့ ရပ်ကွက်ထဲက မိသားစုတွေဟာ လက်ရှိအခြေအနေမှာတော့ ဒက္ခိဏာရုံဘုန်းကြီးကျောင်းတိုက်ထဲမှာ ယာယီ စခန်းဖွင့်ပြီး နေနေရပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးကိုတော့ ဘုန်းကြီးကျောင်းက လောလောဆယ် တာဝန်ယူထားပေးပေမယ့် ရေရှည်မှာ အကူအညီတွေ လိုအပ်နေပါတယ်။ ဇေကမ္ဘာ၀န်ထမ်းတွေကို စက်မှုဇုန်လုံခြုံရေးတာဝန်ကလွဲပြီး တခြား တာဝန်ပေး ခိုင်းစေခြင်းမရှိဘဲ အခင်းဖြစ်တဲ့နေရာကနေ  ကိုက် ၁၀၀ အကွာမှာပဲ ယူနီဖောင်းကိုယ်စီဝတ်ဆင်ထားပြီး လုံခြံရေးတာဝန်နဲ့ရှိနေကြောင်း ဇေကမ္ဘာကုမ္ပဏီတာဝန်ရှိသူ ဦးဇေသီဟရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နာမှာ ပြောကြားထားပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရှုရန်

A d v e r t i s e m e n t With Us

More News
Up