A d v e r t i s e m e n t With Us

လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံ ရှေးဟောင်းပြတိုက် ပျက်စီး

ဇွန် ၁၂ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း ယီမင်နိုင်ငံရဲ့ ယူနက်စကို အစောင့်ရှောက်ခံ အစ္စလာမ္မစ်ရှေးဟောင်းယဉ်ကျေးမှုပြတိုက်တခု ပျက်စီးသွားခဲ့တဲ့အတွက် ယူနက်စကိုက အပြင်းအထန်ရှုတ်ချလိုက်ပါတယ်။ ဒီပြတိုက်ဟာ ဆာနာမြို့ဟောင်းမှာတည်ရှိပြီး ရီမင်နိုင်ငံမှာ သက်တမ်းအရင့်ဆုံးယဉ်ကျေးမှုပြတိုက်ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ဆာနာမြို့ဟောင်းကို ပထမဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ တိုက်ခိုက်မှုမှာ လူ အနည်းဆုံး ၅ ဦးသေဆုံးပြီး လူတချို့လည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ မျက်မြင်တွေက ပြောဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို  ဆော်ဒီနဲ့ မဟာမိတ်နိုင်ငံတွေရဲ့လက်ချက် မဟုတ်ဘူးလို့ ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့ပြောခွင့်ရက  ငြင်းဆိုထားပါတယ်။ ဒီယဉ်ကျေးမှုပြတိုက်ဟာ ယီမင်ပြည်သူတွေရဲ့ အသက်ဝိညာဉ်ဖြစ်သလို လူသားတွေရဲ့ အသိပညာသမိုင်းလက္ခဏာလည်း ဖြစ်တယ်လို့ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Irina Bokova က ပြောဆိုပါတယ်။ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းလေကြောင်းတိုက်ခိုက်မှုတွေစတင်ပြီးနောက်ပိုင်း ယီမင်နိုင်ငံမှာ သေဆုံးသူ အယောက် ၂၂၀၀ ကျော်သွားပြီဖြစ်ပြီး ၁ သောင်းလောက် ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဆော်ဒီကတော့ ဖယ်ရှားခံရပြီး ဆော်ဒီမှာ ခိုလှုံနေရတဲ့ သမ္မတဟာဒီကို ပြန်ထားရှိဖို့နဲ့ ဟူသီသူပုန်တွေကို ပြန်လည်တိုက်ထုတ်ဖို့ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ မေလကုန်ကလည်း ဒါမာမြို့မှာရှိတဲ့ ယီမင်အမျိုးသားပြတိုက် ဗုံးထိမှန်ခဲ့တဲ့အတွက် ရှေးဟောင်းအမွေအနှစ်ပစ္စည်း ၁၂၅၀၀ ကျော် လုံးဝပျက်စီးခဲ့ရပြီး နောက်တပတ်အကြာမှာ ယီမင်ရှေးဟောင်းမြို့ဖြစ်တဲ့ မာရစ် (Marib) မြို့ လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

A d v e r t i s e m e n t With Us

More News
Up