A d v e r t i s e m e n t With Us

ကားစီးယဉ်ကျေးမှုကို ကန့်ကွက်သည့် မက္ကဆီကိုက အ၀တ်ဗလာ စက်ဘီးစီးလှုပ်ရှားမှု

ကားစီးတဲ့ ယဉ်ကျေးမှုကို ကန့်ကွက်တဲ့အနေနဲ့ မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့မှာ အ၀တ်ဗလာနဲ့ စက်ဘီးစီးတဲ့ လှုပ်ရှားမှုကို ဇွန် ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဓိက ဆန္ဒပြတဲ့အကြောင်းက လမ်းပေါ်မှာ ကားတွေ ကြပ်ပိတ်လွန်းလို့ စက်ဘီးစီးသူတွေအတွက် လမ်းမရှိတာကို ကန့်ကွက်တာလို့ ဆိုပါတယ်။ စက်ဘီးသမား အယ်လန်နာက ကားသမားတွေနဲ့ စက်ဘီးသမားတွေကြားမှာ နားလည်မှုနဲ့ အပြန်အလှန် လေးစားမှု လိုအပ်တယ်လို့ ပြောပါတယ်။ မက္ကဆီကို စီးတီးမြို့မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒတွေ ချမှတ်ထားတာ ရှိပေမယ့် ကား ၈ သန်းကြောင့် လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့နေပြီး စက်ဘီးသမားတွေလည်း အဆင်မပြေ ဖြစ်ကြပါတယ်။ စက်ဘီးသမား လေ ဒိုမင်းကလည်း စက်ဘီးမရှိသေးသူတွေ စက်ဘီးဝယ်ကြပါ၊ ဒီမြို့ဟာ ကမ္ဘာမှာ လေထု အညစ်ညမ်းဆုံးမြို့ ဖြစ်နေပါတယ်လို့ ပြောပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်းမှာ မက္ကဆီကို စီးတီးမြို့ဟာ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံး မြို့စာရင်းမှာ ပါဝင်လာပါတယ်။ ကားစီးတဲ့ ယဉ်ကျေးမှုကြောင့် လမ်းတွေ ပိတ်နေတာကို ရှင်းထုတ်ဖို့ နည်းလမ်းတခုအဖြစ် စက်ဘီးတွေ ဖြန့်ဖြူးတဲ့ အစီအစဉ်နဲ့ မိုင် ၁၀၀ ရှည်တဲ့ စက်ဘီးလမ်း ဖောက်ဖို့လည်း စီစဉ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up