Home
မြန်မာသတင်း
ကုန်သွယ်ရေးဝန်ကြီးဌာန သင်တန်းသားများ မဲဆောက်စက်မှုဇုန်များကို လေ့လာ
DVB
·
June 14, 2015
ထိုင်း-မြန်မာနယ်စပ် မဲဆောက်တာ့ခ်ရိုင်အတွင်းက စက်ရုံးအလုပ်ရုံတွေနဲ့ စိုက်ပျိုးရေးနေရာတွေကို မြန်မာနိုင်ငံကုန်သွင်ရေးဝန်ကြီးဌာန သင်တန်းသားတွေက သွားရောက်လေ့လာခဲ့ပါတယ်။ ဇွန်လ ၁၃ ရက်နေ့က သင်တန်းသား ၃၂ ဦးနဲ့အတူ ထိုင်း-မြန်မာနယ်စပ်မြ၀တီခရိုင် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်လည်း ပါဝင်ခဲ့ပါတယ်။ အခုလို သွားရောက်လေ့လာတာကြောင့် မြန်မာနဲ့ အဆီယံ အကြား မညီမျှတဲ့ ကုန်သွယ်ရေးအပိုင်းမှာ အထောက်အကူဖြစ်စေမယ်လို့ ဒေါ်သင်းသင်းမြတ်ကပြောပါတယ်။ “ကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ သင်ကြားပို့ချပေးတာဖြစ်တဲ့ အတွက် နှစ်နိုင်ငံကုန်သွယ်မှုပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာကုန်သွယ်မှုမှာပဲဖြစ်ဖြစ် အားလုံးအတွက် အရေးကြီးတဲ့ သင်တန်းတခုပါ။ ဒီသင်တန်းရဲ့ အကြိုးရလဒ်ကတော့ လက်တွေ့ပိုင်းဆိုင်ရာလုပ်ငန်း အားလုံးအတွက် သင်ကြားပို့ချတာဖြစ်တဲ့ အတွက် နိုင်ငံတကာကုန်သွယ်မှုနဲ့ ပတ်သက်ပြီးတော့ အများကြီးအရေးပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (အေအီးစီ) ဖော်ဆောင်ရေးကို ကြိုဆိုတဲ့အနေနဲ့လည်း အခုလို ထိုင်းမြန်မာနယ်စပ်ဘက်ကိုလာရောက်လေ့ကြတာပါ။ ထိုင်း-မြန်မာနယ်စပ်က ကုမ္ပဏီရဲ့ လုပ်ငန်းဆိုင်ရာ သဘောသဘာဝတွေနဲ့ နှစ်နိုင်ငံဆောင်ရွက်ရမယ့် ဘဏ္ဍာရေး၊ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေလည်း လေ့လာခဲ့တယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာန ဒု-ညွှန်ကြားရေးမှူး ဦးကျော်ကျော်လွင်က ပြောပါတယ်။ “မြဝတီ နယ်စပ်ဆိုတာက မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုအနေနဲ့ ဆိုရင်တော့ မူဆယ်ပြီးရင် ဒုတိယ နေရာလောက်ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ လာတက်တဲ့ သင်တန်းသားတွေ မြန်မာ နဲ့ ထိုင်း အဓိကကျတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ ဘယ်လိုကူးသန်းရောင်းဝယ်မလဲ၊ ကိုယ့်ဘက်ကလည်း ကျနော်တို့ ပစ္စည်းတွေ ဘာတွေ ကူသန်းရောင်းဝယ်လို့ရမလဲ၊ နောက်ဒီနေ့လိုလုပ်တဲ့ အစည်းအဝေးမှာလည်း ဒီထက်မက ကုန်သွယ်ရေးပိုလုပ်နိုင်အောင် ကိုယ်စားလှယ်တွေစေလွှတ်ပြီးတော့ လေ့လာစေတာဖြစ်ပါတယ်။ ဒီလိုလေ့လာတဲ့ ခရီးတွေကနေပြီး ကျနော်တို့ ဗဟုသုတ တွေရတယ်။ အချင်းချင်းပိုရင်းနှီးပြီး စီးပွားရေးလုပ်ငန်းတွေ ပိုပြီးလုပ်ဆောင်လာနိုင်ပါတယ်။” ကုန်သွယ်ရေးဆိုင်ရာ သင်တန်းကို ၄ လကြာပိုချပေးပြီး အခုဆိုရင် အပတ်စဉ် ၆ အထိရောက်သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်စဉ် ၅ မှာတုန်းကတော့ မူဆယ်ဘက်ကို လေ့လာခဲ့တယ်လို့ ပြောပါတယ်။ မဲဆောက်ဘက်က စက်မှုဇုန်တွေကို လေ့လာပြီးနောက် ၁၄ ရက်နေ့မှာတော့ မြ၀တီခရိုင် အတွင်းက စက်မှုဇုန်တွေကို သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။ [gallery ids="97689,97690,97691,97692,97693"]  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024