A d v e r t i s e m e n t With Us

မြန်မာအသင်း ပင်နယ်တီရတာ ကံကောင်းခဲ့ကြောင်း ဗီယက်နမ်နည်းပြပြော

ဗီယက်နမ်အသင်းနည်းပြ
မြန်မာယူ ၂၃ အသင်းက ပင်နယ်တီရတာဟာ ကံကောင်းခဲ့တာလို့ ဗီယက် ယူ ၂၃ အသင်းနည်းပြက ပြောကြားလိုက်ပါတယ်။ ဇွန် ၁၃ ရက်နေ့က ယှဉ်ပြိုင်တဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီးမီးဖိုင်နယ်ပွဲစဉ်မှာ မြန်မာ ယူ ၂၃ အသင်းက ဗီယက်နမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အခုလို ပြောကြားလိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ ပွဲအပြီးမှာ ဗီယက်နမ်နည်းပြ တိုရှီယာမီယူရာက “မြန်မာက ပင်နယ်တီရတာ ကံကောင်းခဲ့တာပါ။ ကျနော်တို့ အခွင့်အရေး ၂ ကြိမ်၊ ၃ ကြိမ်ရခဲ့ပေမယ့် ပိုကောင်းတဲ့ရလဒ်ဖြစ်အောင် မပြောင်းလဲနိုင်ခဲ့ပါဘူး” လို့ ပြောပါတယ်။ ဆီးမီးဖိုင်နယ်ပွဲမှာ မြန်မာအသင်း ကွင်းလယ်ကစားသမား စည်သူအောင်က ပင်နယ်တီနဲ့ ၁ ဂိုးနဲ့ အသင်းခေါင်းဆောင် နေလင်းထွန်းက ၁ ဂိုး သွင်းယူခဲ့တာပါ။ အနိုင်ဂိုး သွင်းယူခဲ့တဲ့အပေါ် မြန်မာအသင်းခေါင်းဆောင် နေလင်းထွန်းက “ဒီဂိုးက မြန်မာအသင်း နောက်ဆုံးဗိုလ်လုပွဲတက်ဖို့ အရမ်းအရေးကြီးတဲ့ ဂိုးပါ။ ကျနော့်ဘ၀တလျှောက်မှာ အရေးပါတဲ့ သမိုင်းဝင်ဂိုးပါ” လို့ ပြောပါတယ်။ မြန်မာနဲ့ထိုင်း ဗိုလ်လုပွဲကို စင်ကာပူ အမျိုးသားဘောလုံးကွင်းမှာ ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည ၇ နာရီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up