ဆီးဂိမ်းတွင် စည်သူအောင်က ဂိုးအများဆုံးသွင်းသူအဖြစ် ဦးဆောင်နေ

2K
မြန်မာယူ ၂၃ ဘောလုံအသင်း ကွင်းလယ်ကစားသမား စည်သူအောင်က ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။
စည်သူအောင်ရဲ့ နောက်မှာ သွင်းဂိုး ၄ ဂိုးစီနဲ့ အင်ဒိုနီရှား တိုက်စစ်မှူး အီဗန် ဒီမက်စ်နဲ့ ထိုင်းတိုက်စစ်မှူး ချန်နာနန် ပွမ်ဘက်ဖာတို့က အသီးသီး ရှိနေပါတယ်။
စည်သူအောင်ဟာ လောလောဆယ် သွင်းဂိုး အများဆုံး ဖြစ်သလို လာမယ့် ထိုင်းနဲ့ ကစားမယ့် ဗိုလ်လုပွဲမှာလည်း ဂိုးရဖို့ အခွင့်အရေး ရှိနေတဲ့အတွက် ဂိုးသွင်း အများဆုံးဆုကို မျှော်မှန်းနိုင်မှာ ဖြစ်ပါတယ်။
ကွင်းလယ်ကစားသမား စည်သူအောင်ဟာ အုပ်စုပွဲစဉ်တွေတုန်းက အင်ဒိုနီးရှားကို နိုင်တဲ့ပွဲမှာ ၂ ဂိုး၊ ဖိလစ်ပိုင်ကို နိုင်တဲ့ပွဲမှာ ၁ ဂိုး၊ ကမ္ဘောဒီယားနဲ့ သရေကျတဲ့ပွဲမှာ ၁ ဂိုးနဲ့ ဗီယက်နမ်ကို အနိုင်ရတဲ့ ဆီမီးဖိုင်နယ်မှာ ပင်နယ်တီကနေ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
မြန်မာဘောလုံးအသင်းဟာ ဗိုလ်လုပွဲကို တက်ရောက်နိုင်တဲ့အတွက် ၄၂ နှစ်ကြာ ဝေးကွာနေတဲ့ ဆီးဂိမ်းရွှေတံဆိပ်ဆုကို ရယူနိုင်ဖို့အတွက် လက်းတကမ်းအကွာကို ရောက်ရှိနေပါတယ်။