ဗြိတိန်က ကမ္ဘာ့အသက်အကြီးဆုံး မင်္ဂလာပွဲ

862
မင်္ဂလာဆောင်တဲ့နေ့ဟာ သတို့သား သတို့သမီးတိုင်းအတွက် စိတ်လှုပ်ရှားဖွယ်နေ့ ဖြစ်ပါတယ်။
ဇွန် ၁၃ ရက်နေ့က ပြုလုပ်တဲ့ ဗြိတိန်က မင်္ဂလာဆောင်ကတော့ စိတ်လှုပ်ရှားရုံမက၊ စံချိန်သစ်နဲ့ မှတ်တမ်းဝင်သွားပါတယ်။
သတို့သား ဂျောခ်ျကာဘေးရဲ့ အသက်က ၁၀၃ နှစ်ဖြစ်ပြီး သတို့သမီး ဒိုရင်း လူကီရဲ့ အသက်က ၉၁ နှစ် ရှိပါပြီ။
သူတို့ နှစ်ယောက်ဟာ နှစ်ပေါင်း ၃၀ လောက် အတူနေထိုင်ခဲ့ကြပြီး အခုမှ တရားဝင် ထိမ်းမြားလက်ထပ်ကြတာဖြစ်ပါတယ်။
အင်္ဂလန် တောင်ပိုင်းက ကမ်းခြေမြို့ဖြစ်တဲ့ ဟက်စတင်းမြို့ငယ်လေးက Langham ဟိုတယ်မှာ မိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေ ရှေ့မှောက်မှာ ပျော်ရွှင်ကြည်နူးဖွယ်ရာ မင်္ဂလာဆောင်ပွဲကို ပြုလုပ်တာပါ။
၂၀၁၃ ခုနှစ်က မင်္ဂလာမောင်နှံဟာ နှစ်ယောက်ပေါင်း အသက် ၁၈၈ နှစ်နဲ့ စံချိန်တင်ထားလို့ အခု ဂျော့ခ်ျနဲ့ ဒိုရင်းတို့ မင်္ဂလာမောင်နှံနှစ်ယောက်ရဲ့ အသက်ပေါင်းလိုက်ရင် ၁၉၄ နှစ်ဖြစ်လို့ စံချိန်သစ် တင်လိုက်နိုင်ပါတယ်။