A d v e r t i s e m e n t With Us

အာဆင်နယ်တွင် ဆက်နေမည်ဟု ဂျက်ဝီရှိုင်းယားပြော

အာဆင်နယ် ကွင်းလယ်သမား ဂျက်ဝီရှိုင်းယားက တခြားအသင်းကို ပြောင်းမှာမဟုတ်ဘဲ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောဆိုလိုက်ပါတယ်။ လောလောဆယ်မှာ မန်ချက်စတာ စီးတီးအသင်းက ကွင်းလယ်သမား ၀ီရှိုင်းယားကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်စီးတီးဟာ ကွင်းလယ်သမားတွေ ဖြစ်တဲ့ ဂျိမ်းမေနာနဲ့ လမ်းပတ်တို့ ထွက်ခွာသွားအပြီးမှာ ကွင်းလယ်ကို အားသစ်လောင်းဖို့ စီစဉ်နေပါတယ်။ “တခြား ဘယ်ကိုမှ သွားဖို့ မရှိပါဘူး။ အာဆင်နယ်က ကိုယ့်အိမ်ကိုယ်ရာလိုပါပဲ” လို့ ၀ီရှိုင်းယားက ပြောပါတယ်။ အသက် ၂၃ နှစ်အရွယ် အင်္ဂလန် ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာ ဒဏ်ရာ ၆ လလောက် အနားယူခဲ့ရပြီး အာဆင်နယ်အတွက် ၉ ပွဲပဲ ကစားပေး နိုင်ခဲ့ပါတယ်။ ၀ီရှိုင်းယားဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၁၀၀ ကစားပေးထားပြီး ၆ ဂိုး သွင်းပေးထားပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းအတွက်တော့ ၂၇ ပွဲ ကစားပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up