A d v e r t i s e m e n t With Us

ဗိုလ်လုပွဲတွင် မြန်မာနှင့်ထိုင်း ယူ ၂၃ တွေ့ဆုံ

၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာယူ ၂၃ အသင်းနဲ့ ထိုင်းယူ ၂၃ အသင်းတို့ ဆုံတွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းယူ ၂၃ အသင်းဟာ ဇွန် ၁၃ ရက်နေ့က ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်ဒိုနီးရှားကို ၅ ဂိုးပြတ်၊ မြန်မာအသင်းကတော့ ဗီယက်နမ်အသင်းကို ၂-၁ ဂိုး အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်လာကြတာပါ။ မြန်မာနဲ့ထိုင်း ဗိုလ်လုပွဲကို စင်ကာပူ အမျိုးသားဘောလုံးကွင်းမှာ ဇွန် ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ည၇ နာရီ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့တွေ့တွေ့ ပြင်ဆင်စရာ ရှိတာ ပြင်ဆင်သွားမယ်လို့ နည်းပြချုပ် ဦးကြည်လွင်က ပြောဆိုထားပါတယ်။ မြန်မာဘောလုံးအသင်းဟာ ၂၀၀၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်း ဗိုလ်လုပွဲကို တက်ရောက်လာတာပါ။ မြန်မာအသင်းနည်းပြတွေဖြစ်တဲ့ ဦးကြည်လွင်နဲ့ ဦးသန်းတိုးအောင်တို့ဟာ ကစားသမားဘ၀တုန်းက ၁၉၉၃ ဆီးဂိမ်း ဗိုလ်လုပွဲမှာ ထိုင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးထားလို့ အခု ဗိုလ်လုပွဲမှာ ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ လောလာဆယ် မြန်မာအသင်း တိုက်စစ်မှူး စည်သူအောင်က သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နေပါတယ်။ အင်ဒိုနီးရှားနဲ့ ထိုင်း တိုက်စစ်မှူးတို့က ၄ ဂိုးစီနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up