A d v e r t i s e m e n t With Us

ပထမပိုင်းတွင် မြန်မာက ဗီယက်နမ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိ

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မြန်မာယူ ၂၃ နဲ့ ဗီယက်နမ်အသင်းတို့ ဒီနေ့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမပိုင်းမှာ မြန်မာအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရရှိနေပါတယ်။ မြန်မာအသင်းက အနီရောင်ဝတ်စုံနဲ့ ပွဲထွက်ခဲ့ပြီး ဗီယက်နမ်ကတော့ အဖြူရောင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစစချင်း ၁ မိနစ်အတွင်းမှာ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းခဲ့ပေမယ့် ဗီယက်နမ်က ခေါင်းတိုက်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၃ မိနစ်မှာ ဗီယက်နမ်အသင်းက ကျောနံပါတ် ၁၇ အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးစည်း ကျော်သွားခဲ့ပါတယ်။ ပွဲကစားချိန် ၇ မိနစ်မှာ ဗီယက်နမ်အသင်းကပဲ တောက်လျှောက်ဖိကစားပြီး မြန်မာအသင်းကတော့ အချိတ်အဆက်မမိဖြစ်နေပါတယ်။ ပွဲချိန် ၁၀ မိနစ်မှာလည်း ဗီယက်နမ်က ရှေ့တန်းတိုက်စစ်မှူး ကျောနံပါတ် ၁၇  မြန်မာဂိုးသမားနဲ့ တယောက်ချင်း အပိုင်ကန်သွင်းခွင့်ရပေမယ့် ဂိုးသမား ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ ဗီယက်နမ်အသင်းက မြန်မာဂိုးဧရိယာအစပ်နားမှာ ဖြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးရှေ့ချပေးလို့ ခေါင်းတိုက်သွင်းရာမှာ ဂိုးတိုင်ပေါ် ကျော်တက်သွားလို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။ ၂၄ မိနစ်မှာတော့ မြန်မာအသင်းက ပြစ်ဒဏ်ဘောရရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘောကို ဂိုးဧရိရှေ့ ချပေးခဲ့ပေမယ့် ဗီယက်နမ်နောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ဗီယက်နမ်ရှေ့တန်းလူ ကန်သွင်းခွင့်ရပေမယ့် မြန်မာဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ် ၃၀ မှာ မြန်မာအသင်းက ထောင့်ကန်ဘောရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကို လှိုင်းဘိုဘိုက ဗီယက်နမ်ဂိုးရှေ့ ချပေးရာမှာ ဂိုးသမား ဖမ်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ မြန်မာအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရပါတယ်။ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နေလင်းထွန်း ကန်သွင်းယူရာမှာ ဗီယက်နမ်က လက်ထိဘောကျူးလွန်လို့ ပင်နယ်တီရခဲ့ပါတယ်။ အဲဒီပင်နယ်တီကို စည်သူအောင်က အသာအယာပဲ ဂိုးသမားရဲ့ ဘယ်ဘက်ထောင့်ကို ကန်သွင်းယူခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ ဗီယက်နမ်က ထောင့်ကန်ဘောကန်ခွင့်ရခဲ့ပေမယ့် မြန်မာဂိုးသမား ကျော်ဇင်ဖြိုး ဖမ်းယူနိုင်ခဲ့ပါတယ်။ မြန်မာဂိုးသမားဟာ ဗီယက်နမ်အသင်းရဲ့ အပိုင်ကန်သွင်းချက် အတော်များများကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ ဗီယက်နမ်အသင်းက ပြစ်ဒဏ်ဘော ကန်သွင်းခွင့်ရပေမယ့် မြန်မာနောက်ခံလူတွေ ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ပထမပိုင်းပြီးဆုံးချိန်အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ ၁-၀ ဂိုးနဲ့ မြန်မာက အနိုင်ရရှိနေပါတယ်။ မြန်မာ ယူ၂၃ အသင်း ပွဲထွက်စာရင်းကတော့ ဂိုး- ကျော်ဇင်ဖြိုး၊နောက်တန်း- ကျော်ဇင်လွင်၊ သိန်းနိုင်ဦး၊ ဖြိုးကိုကိုသိန်း၊ ဟိန်းသီဟဇော်၊ အလယ်တန်း- နေလင်းထွန်း၊ လှိုင်းဘိုဘို၊ ရဲကိုဦး၊ စည်သူအောင်၊ ရှေ့တန်း- ကောင်းဆက်နိုင်နဲ့ ရှိုင်းသူရတို့ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up