နှစ်ရှည်အကျဉ်းသား ၂ ဦးလွတ်မြောက်မှု ထောင်ဝန်ထမ်းတဦးကို ဖမ်းဆီး

796
နယူးယောက် အကျဉ်းထောင်က အမျိုးသမီး ၀န်ထမ်းတဦးကို နှစ်ရှည်အကျဉ်းသား ၂ ဦး ထောင်ဖောက်မှုမှာ ကူညီအားပေးမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့က ဇွန် ၁၂ ရက်နေ့မှာ အတည်ပြုပါတယ်။
ဂျိုင်း မစ်ချယ်ဆိုတဲ့ စက်မှုလက်မှု လုပ်ငန်း နည်းပြ အမျိုးသမီးဟာ ထောင်ထဲ သွင်းခွင့်မပြုတဲ့ ပစ္စည်းတွေကို ခိုးသွင်းခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အသက် ၅၁ နှစ်အရွယ် မစ်ချယ်ဟာ နှစ်ရှည်အကျဉ်းသားတွေ ဖြစ်တဲ့ ဒေးဗစ် ဆွိနဲ့ ရစ်ချက် မတ်တို့ ထောင်ဖောက် ထွက်ပြေးနိုင်အောင် ပစ္စည်းတွေကို ပံ့ပိုးကူညီပေးခဲ့တယ်လို့ နယူးယော့ခ် ပြည်နယ်ရဲ တပ်ဖွဲ့က အရာရှိ ချာလီ ဂက်စ် က ပြောပါတယ်။
အရင်တပတ်တုန်းက ထောင်ဖောက်မှုမှာ ထောင်သားနှစ်ယောက်ဟာ သံမဏိ နံရံနဲ့ ပိုက်ခေါင်းကို ဖောက်ပြီး ထွက်ပြေးလွှတ်မြောက်သွားတာ ဖြစ်ပါတယ်။
ဒီလို ဖောက်နိုင်ဖို့ မစ်ချယ်က ဘယ်လို ပစ္စည်းမျိုးကို ခိုးသွင်းပေးခဲ့သလဲ ဆိုတာကိုတော့ အာဏာပိုင်တွေက အတိအကျ မပြောပါဘူး။
ထောင်ပြေးနှစ်ယောက်ကို ရှာဖို့ ရဲနဲ့ လုံခြုံရေးအင်အား ၈၀၀၊ အနံ့ ခွေးတွေနဲ့ လေယာဉ်တွေကိုပါ အသုံးပြုပြီး နောက်ယောင်ခံနေပါတယ်။
“ထောင်ပြေးနှစ်ယောက်လုံးကို ပြောချင်တာကတော့ မင်းတို့ နှစ်ယောက်ကို မမိ-မိအောင် ဖမ်းမယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ရဲအရာရှိက ပြောပါတယ်။
“ထောင်ပြေးနှစ်ယောက်လုံးကို ပြောချင်တာကတော့ မင်းတို့ နှစ်ယောက်ကို မမိ-မိအောင် ဖမ်းမယ်ဆိုတာကို သိစေချင်ပါတယ်” လို့ ရဲအရာရှိက ပြောပါတယ်။