နှစ်ပေါင်း ၂၀ ကျော် နိုင်ငံအသင်း ဖလားလက်မဲ့ဖြစ်မှု အဆုံးသတ်ရန် မက်ဆီမျှော်လင့်

907
နိုင်ငံအသင်းရဲ့ နှစ်ပေါင်း ၂၀ ကျော် ဖလားလက်မဲ့ဖြစ်နေမှုကို ၂၀၁၅ ကိုပါအမေရိကဖလားမှာ အဆုံးသတ်နိုင်ဖို့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက မျှော်လင့်နေပါတယ်။
ကလပ်အသင်းမှာ အောင်မြင်မှုတွေ များစွာရနေတဲ့ မက်ဆီအနေနဲ့ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု မရသေးတာကို အဆုံးသတ်ချင်နေတာပါ။
သူ့အနေနဲ့ ကိုယ်ပါဖလားမှာ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်နေပြီး ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုရွေး နဲ့ အိမ်ရှင်ချီလီအသင်းတွေဟာလည်း တောင်တင့်ပြီး ဗိုလ်စွဲနိုင်တဲ့ အသင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အာဂျင်တီးနားအသင်းဟာ ၁၉၉၃ ခုနှစ် ကိုပါအမေရိကဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း နိုင်ငံကာ ပြိုင်ပွဲတွေမှာ ဗိုလ်မစွဲခဲ့တာက နှစ်ပေါင်း ၂၂ နှစ် ရှိနေပြီဖြစ်ပါတယ်။