A d v e r t i s e m e n t With Us

ရောဘတ်တို ဖာမီနိုကို ပေါင် ၁၃.၁ သန်းထိ မန်ယူ တိုးမြှင့်ကမ်းလှမ်း

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဂျာမန်ဘွန်ဒက်လီဂါ အသင်းတသင်းဖြစ်တဲ့ ဟော်ဖမ်ဟင်း အသင်းက  ကစားသမား ရောဘတ်တို ဖာမီနို ကို  ခေါ်ယူဖို့ ပေါင် ၁၃.၁ သန်းထိ တိုးမြှင့်ကမ်းလှမ်းထားပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရာဇီး နိုင်ငံသား ကွင်းလယ် တိုက်စစ်သမားကို  နွေရာသီမှာ မန်ယူအသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။ သူ့ကို လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားနေပေမယ့် မန်ယူအသင်းက အခွင့်သာနေတဲ့ အနေအထားမှာ ရှိပါတယ်။ သူဟာ ၂၀၁၄ မှာ ဘရာဇီးလက်ရွေးစင်ဖြစ်ခဲ့ပြီး လက်ရှိ ၆ ပွဲကစားပေးပြီး ၃ ဂိုးသွင်းထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up