A d v e r t i s e m e n t With Us

တရုတ်တွင် လူနေတိုက်တလုံး ပေါက်ကွဲ၊ လူ ၁ ဦးသေဆုံး

တရုတ်နိုင်ငံ အရှေ့မြောက်ဘက် လျောင်နင်းပြည်နယ်မှာ ဇွန် ၁၂ ရက် မနက်ပိုင်းက လူနေတိုက်တလုံးမှာ ပေါက်ကွဲမှုဖြစ်လို့ ပြိုကျသွားပြီး လူ ၁ ယောက်သေဆုံး၊ ၄ ဦး ပျောက်ဆုံး နေတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ ဟူလူတောင်မြို့က လုံကန်နယ်မြေမှာ ၅ နာရီ ၁၀ မိနစ်လောက်က ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် အဆောက်အဦရဲ့ အစိတ်အပိုင်းတွေ ပြိုကျခဲ့တာပါ။ အာဏာပိုင်တွေကတော့ ဓာတ်ငွေ့ရည် ဂက်စ်အိုးပေါက်ကွဲမှုလို့ သံသယရှိပြီး ဒဏ်ရာရသူ ၇ ယောက်ကိုတော့ ဆေးရုံကို ပို့ထားပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ မေ ၃၁ ရက်နေ့ကလည်း အလားတူ ပေါက်ကွဲမှုမျိုး ဟူလူတောင်မြို့မှာ ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

A d v e r t i s e m e n t With Us

More News
Up