နီပေါတွင် မြေပြိုမှုကြောင့် လူဒါဇင်နှင့်ချီ သေဆုံး
နီပေါနိုင်ငံ တာပလီဂျွန်ခရိုင်မှာ မိုးသည်းထန်လို့ အကြီးအကျယ် မြေပြိုခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ နီပေါ နယူးစ်တွမ်တိဖိုး ရုပ်သံကွန်ရက်က ဇွန် ၁၁ ရက်မှာ ကြေညာပါတယ်။
မိုးကြီးပြီး မြေပြိုမှုတွေ အများအပြား ဖြစ်ခဲ့ရုံမက မြူထူနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီး နှောင့်နှေးနေပါတယ်။
သေဆုံးသူအရေအတွက် အတိအကျရဖို့ ကိန်းဂဏန်းတွေ အစီရင်ခံမှု ကွဲပြားနေပြီး လူအများအပြား ပျောက်ဆုံးနေဆဲမို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အရာရှိတွေက ယုံကြည်ကြပါတယ်။
မြေပြိုရာဒေသဟာ မြို့တော် ခတ္တမန္ဒူအရှေ့ဘက် ဝေးလံသီခေါင်တဲ့ဒေသ ဖြစ်ပါတယ်။ နီပေါနိုင်ငံတွင်း မုတ်သုံရာသီဖြစ်တဲ့ ဇွန်လကနေ စက်တင်ဘာလအတွင်း တောင်ထူတဲ့ ဒေသတွေမှာ မြေပြိုမှုက ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။