နယူးကာဆယ် နည်းပြသစ်အဖြစ် မက္ကလာရင်ကို ခန့်

ဓာတ်ပုံ - ရိုက်တာ
539
အင်္ဂလန်အသင်း နည်းပြဟောင်း စတိဗ်မက္ကလာရင်ကို နယူးကာဆယ်အသင်းက နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။
နည်းပြအတွေ့အကြုံ နှစ်ပေါင်း ၂၀ လောက် ရှိနေပြီဖြစ်တဲ့ မက္ကလာရင်ကို ၃ နှစ်စာချုပ်နဲ့ နယူးကာဆယ်က ခေါ်ယူခဲ့တာပါ။
သူဟာ မစ်ဒယ်လ်ဘရော့အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ် ၂၀၀၄ ခုနှစ်မှာ လိဂ်ဖလားရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
မက္ကလာရင်ဟာ ၂၀၀၆ ကနေ ၂၀၀၇ အထိ အင်္ဂလန်အသင်းကို တာဝန်ယူခဲ့ပြီး မစ်ဒယ်လ်ဘရော့၊ နော်တင်ဟမ်ဖောရက်စ်၊ ကျူပီအာ၊ ဂျာမနီကလပ် ၀ုဖ်ဘာ့ဂ်၊ ဟော်လန်ကလပ် တွမ်တီးတို့မှာလည်း နည်းပြလုပ်ခဲ့ဖူးပါတယ်။
သူဟာ ပြီးခဲ့တဲ့ မေလက ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီကနေ ထွက်လာခဲ့သူ ဖြစ်ပါတယ်။