မြန်မာ – ဗီယက်နမ် ယူ ၂၃ ဘယ်သူနိုင်မလဲ
၂၀၁၅ စင်ကာပူဆီးဂိမ်း ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် မြန်မာယူ ၂၃ အသင်းဟာ ဗီယက်နမ်အသင်းနဲ့ ဇွန် ၁၃ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂း၃၀ နာရီမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အုပ်စု (က) မှာ မြန်မာအသင်းဟာ အင်ဒိုနီးရှားကို ၄-၂ ဂိုး၊ အိမ်ရှင် စင်ကာပူအသင်းကို ၂-၁ ဂိုး၊ ဖိလစ်ပိုင်အသင်းကို ၅-၁ ဂိုးနဲ့ အနိုင်ရထားပြီး ကမ္ဘောဒီးယားအသင်းကို ၃-၃ သရေကျကာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့တာပါ။ ဇွန် ၁၃ ရက်နေ့ ယှဉ်ပြိုင်မယ့် မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ပွဲစဉ်မှာ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ဒီဗွီဘီ Vote မှာ ရွေးချယ်နိုင်ပါတယ်။
[yop_poll id="40"]