ဂျပန်တောင်ပိုင်းတွင် မိုးသည်းထန်၊ မြေပြိုမှုကြောင့် ဒေသခံများ ရွှေ့ပြောင်း

ဓာတ်ပုံ - ရိုက်တာ
693
ဂျပန်နိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာနေတဲ့အတွက် မြေပြိုတာနဲ့ ရေကြီးတာတွေ ဖြစ်ခဲ့အပြီး ဇွန် ၁၁ ရက်နေ့မှာ လူအယောက် ၃ သိန်း ၇ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အကြံပေးခဲ့တယ်လို့ ဂျပန်မီဒီယာက ပြောပါတယ်။
ခုမမိုတိုခရိုင် ဥခိမြို့က မီးသတ်သမားတွေက မြေပြိုလို့ အိမ်ကြေမွသွားတဲ့ မိသားစုတစုကို စားသောက်ဆိုင်တဆိုင်မှာ အိမ်အဖြစ်နေဖို့ ခေါ်လာခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက နာရီပေါင်း အတော်ကြာအောင် တူးခဲ့ပြီးမှ အိမ်ရှင်တွေက မြေပြိုချိန် အိမ်ထဲမှာ ရှိမနေဘဲ ဘေးကင်းခဲ့တယ်လို့ နောက်ပိုင်းမှ အကြောင်းကြားခဲ့ကြပါတယ်။
ခရိုင်တလွှား ကျယ်ပြန့်တဲ့ နေရာတွေ ရေလွှမ်းမိုးခံထားရပါတယ်။ မြစ်တွေကလည်း ကမ်းပါးကနေ ရေလျှံလုလု ဖြစ်နေတယ်လို့ ဒေသခံမီဒီယာက ပြောပါတယ်။
ဂျပန်မြို့တော်အတွက် မိုးရာသီ တရားဝင် စမယ့်ရက်ကို လာမယ့် ဇွန် ၁၅ ရက်နေ့လို့ ကြေညာထားပေမယ့် နောက်ထပ် သီတင်းပတ်အနည်းငယ် ကြာဦးမယ်လို့ မျှော်လင့်ထားပါတယ်။