ကျနော့်ကစားသမားတချို့ ပြိုင်ဘက်ကို မလေးမစားလုပ်ခဲ့တယ် – ရာဂျိုကို အဗရာမိုဗစ်ခ်ျ (မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်)

ဓာတ်ပုံ - MFF
1.8K
၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာအသင်းနဲ့ လာအိုအသင်းတို့ ဇွန် ၁၁ ရက်နေ့က ကစားရာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။
ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြချုပ် အဗရာမိုဗစ်ခ်ျက "ပထမပိုင်းမှာ ကျနော်တို့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် ဒုတိယပိုင်းအရောက်မှာ ကျနော့်ကစားသမားတချို့ ပြိုင်ဘက်ကို မလေးမစားလုပ်ခဲ့တယ်။ လာအို ကစားသမားတွေကတော့ တာဝန်ကျေကျေနဲ့ လုပ်စရာရှိတာကို လုပ်ခဲ့တယ်။ ဒီလို မလေးစားမှုကြောင့်ပဲ ကျနော်တို့ ပြစ်ဒဏ်ခတ်ခြင်း ခံခဲ့ရတာပါ။ ကျနော့်အသင်း ပထမပိုင်း ကစားပုံကြောင့် ကိုရီးယားနဲ့ပွဲအတွက် အကောင်းမြင်ခဲ့ပေမယ့် ဒုတိယပိုင်း ကစားပုံကတော့ လက်မခံနိုင်စရာပါ။ ဒုတိယပိုင်းမှာ ပြိုင်ဘက်ကို အခွင့်အရေး ၃ ကြိမ်လောက်ထိ ပေးခဲ့တယ်။ သရေကျခဲ့တာ ကျနော်တို့ ကံကောင်းပါတယ်။" လို့ ပြောသွားပါတယ်။